28 C
Yangon

ထားဝယ်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းနှင့် ပုလဲတို့တွင်လည်း ယာဥ်တန်းနှင့် စစ်တပ်စခန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်

Must read

ထားဝယ်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းနှင့် ပုလဲတို့တွင်လည်း ယာဥ်တန်းနှင့် စစ်တပ်စခန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာအနီး ကင်းလှည့်နေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦး သေဆုံးခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၈ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် ပကာရီရွာလယ် လမ်းဆုံရှိ ရေလယ်အင်းသွားလမ်းပိုင်း၌ လမ်းကင်း ထွက်စစ်ဆေးနေသည့် အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦးပွဲချင်းပြီးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာအနီးရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စစ်ဆေးပြီး တန်ဖိုးကြီး ပစ္စည်းများ၊ ငွေများ ခိုးယူသွားကြောင်း၊ ပကာရီရွာတွင်လည်း ယမန်နေ့ နံနက်ပိုင်းက ထားဝယ်ဖက်မှ ဝင်လာသည့် သုံးဘီးကားကို အကြမ်းဖက် စစ်တပ်က တားဆီး စစ်ဆေးပြီး ခရီးသွား လူငယ် ၁ ဦးကို လက်ပြန်ကြိုးတုတ် ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၂ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်ယာဥ်တန်းကို Golden Eagle Defense Force နှင့် စုပေါင်း မဟာမိတ်များ ပူးပေါင်းအဖွဲ့များက ပဒေသာမိုင်းများဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar PDF မှ တာဝန်ရှိ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၂ နာရီ ၄၅ မိနစ်မှ နံနက် ၁ နာရီ ၄၅ မိနစ်ထိ ပုလဲမြို့ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို Chindwin Toe Na Yar PDF၊ ဒေါင်းမင်းတပ်ရင်း ခွဲ ၂ ၊ စွန်ရဲနှင့် brave eagle revolution force ပူပေါင်းအဖွဲ့တို့က လက်နက်ငယ်များ၊ တစ်ဖက်ပွင့်မိုင်းများ၊ ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွင် အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article