32 C
Yangon

သရက်ချောင်းတွင် အသံမိုင်းပေါက်ကွဲမှုကို လာရောက်စစ်ဆေးသည့် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

Must read

သရက်ချောင်းတွင် အသံမိုင်းပေါက်ကွဲမှုကို လာရောက်စစ်ဆေးသည့် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၉

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အသံမိုင်း ပေါက်ကွဲသည်ကို လာရောက်စစ်ဆေးသည့် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၂၇ ရက် နံနက် ၇ နာရီခန့်က သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာ၊ စာသင်ကျောင်း၌ Non CDM ဆရာ၊ ဆရာများ ဦးဆောင်ဖွင့်လှစ်ကာ စာမေးပွဲကျင်းပနေသည်ကို သိရ၍ စစ်ကျွန်ပညာရေးစနစ် ရပ်တန့်သွားရန် စာသင်ကျောင်းပေါက်ရှေ့၌ အသံမိုင်းခွဲ သတိပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသံမိုင်းပေါက်ကွဲမှုကို စစ်ဆေးရန် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်မှ ကား ၃ စီးဖြင့် လာရောက်ခဲ့ရာ နံနက် ၉ နာရီခွဲခန့်အချိန် ကဇိရွာနှင့် ပိန်းတောကျေးရွာကြားအရောက် ရှေ့ ထွက်မိုင်း အကြီး ၁ လုံး၊ ပဒေသာမိုင်းငယ် ၅ လုံးဖြင့် ဖောက်ခွဲပြီး ၁၀ မိနစ်ခန့် လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးပြီး ၁၀ ဦးကျော် အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့(ပကဖ)တပ်ဖွဲ့ ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း၊ ယင်းစစ်ဆင်ရေးကို ပြည်သူများ အထိအခိုက်မရှိစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article