ဖယ်ခုံမြို့နယ်တွင် ၈ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၃ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာ စေတီကုန်းအနီး ၈ ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ အရာရှိတစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၂၁ ရက်နေ့တွင် အင်အား ၅၀ ခန့်ဖြင့် စက်တော်ရွာမှ ခေါင်းအိကျေးရွာ စေတီကုန်းသို့ စစ် ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သားများမှ ကတုတ်ကျင်းများတူးပြီး ထိုးဖောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ကတုတ်ကျင်းတူးကာ တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကို မခံ နိုင်တော့ပဲ ဇူလိုင်လ ၂၈ ရက် နံနက်အစောပိုင်း ၁ နာရီခန့်တွင် တပ်ဆုတ်ထွက်ပြေးသွားကြောင်း သိရ သည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ အရာရှိတစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်အချို့လည် ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်း၊ KRU ၊ 1009 (IPDF) ၊ 1008 ၊ 1005 ၊ 1003 ၊ DMO 1106 နှင့် ရှမ်းတောင် ဒရုန်းတပ်ဖွဲ့၊ SSDF စသည့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


