28 C
Yangon

Local PDF များ၊တပ်ပေါင်းစုများနှင့် မပူးပေါင်းရန် NUG အမှတ် ၁ စစ်ဒေသရုံးက စာထုတ်၊ ယင်းထုတ်ပြန်ကို ကိုးကားပြီး ခရိုင်ပကဖမှ Local PDF တပ်ဖွဲ့များ နေထိုင်ခွင့်မပြုဟု ထပ်မံထုတ်ပြန်

Must read

Local PDF များ၊တပ်ပေါင်းစုများနှင့် မပူးပေါင်းရန် NUG အမှတ် ၁ စစ်ဒေသရုံးက စာထုတ်၊ ယင်းထုတ်ပြန်ကို ကိုးကားပြီး ခရိုင်ပကဖမှ Local PDF တပ်ဖွဲ့များ နေထိုင်ခွင့်မပြုဟု ထပ်မံထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၃၁

Local PDF တပ်ဖွဲ့များ၊ တပ်ပေါင်းစုများနှင့် မပူးပေါင်းရန် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ် ဒေသရုံးက ထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက်ကို ကိုးကား၍ နေထိုင်ခွင့်မပြုဟု ထပ်ဆင့်ထုတ်ပြန်က စာပေးပို့ထားကြောင်း 96 Soldier (LPDF) တပ်ဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ပါဝင်သည့် NUG ကာကွယ် ရေး ဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသရုံးက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့စွဲဖြင့် အမှတ် ၁ စစ်ဒေသ ကွက်ကဲမှုအောက်ရှိ PDF တပ်ရင်းနှင့် ပကဖ သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့ဝင်အားလုံးသည် စစ်ဒေသရုံးမှ ညွှန်ကြားချက်မရှိပဲ Local PDF တပ်ဖွဲ့များ၊ တပ်ပေါင်းစုများနှင့် မပူးပေါင်းရန် ၊မဆက် သွယ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

“သူတို့ကတော့ စစ်ရုံးမှာပါတဲ့ စာကို ကိုးကားပြီးတော့ အခြေပြုပြီးတော့ ဒီညွှန်ကြားစာကို ထုတ် တာပေါ့ နော်၊ စစ်ရုံးရဲ့ညွှန်ကြားစာမှာ ဘာပါလဲဆိုတော့ သူတို့ကာကွယ်ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ ခရိုင် တပ် ရင်း တွေနဲ့ ပကဖတွေဟာ ဒီ Local PDF တွေနဲ့ မထိတွေ့မဆက်ဆံဖို့ ၊ တပ်ပေါင်းစုတွေ ထဲမဝင်ဖို့ အဓိက ထုတ်ပြန်တာပါ၊ ဒါက စစ်ဒေသရုံးကနေ ထုတ်ပြန်တာ၊ ဒီထုတ်ပြန်တဲ့စာကို ကျနော်လိုင်းပေါ် တင်ထားတဲ့ စာနဲ့ ပူးတွဲပြီးတော့ ပို့လိုက်တာပါ၊ Local PDF တွေနဲ့ မဆက်ဆံဖို့ တပ်ပေါင်းစုတွေထဲ မဝင်ဖို့ ထုတ်တဲ့ညွှန်ကြားစာကို ဒီလိုနေထိုင်ခြင်း မပြုဖို့ ဆိုပြီးတော့ ထပ်ဆင့် တွဲပြီးတော့ ထုတ်ပြန် ပေးပို့လာတာပေါ့၊ တကယ်တမ်းကျ တော့ ဘာမှ မဆိုင် ဘူးပေါ့၊ စာတတ်တဲ့သူတိုင်းနားလည်တဲ့ ကိစ္စ မျိုး ပဲ၊ နေထိုင်ခြင်းမပြုတဲ့ ကိစ္စနဲ့တပ်ပေါင်းစုထဲမဝင် နဲ့၊ Local PDF တွေနဲ့ မထိတွေ့မဆက်ဆံပါနဲ့ဆို တဲ့ စာနဲ့ ဘာမှ မဆိုင်ဘူး၊ NUG က Local PDF တွေနဲ့ မပတ်သက်ချင်တဲ့သဘောလား၊ ခရိုင်တွေကနေ စီမံနေတဲ့သဘောလား ဆိုတော့ အဲဒါက သူတို့ပဲသိမယ်၊ ကျနော်တို့မသိနိုင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရဲ့အတွင်းရေး ကိစ္စဖြစ်နေလို့ ၊ ဒါပေမယ့် စာမှာပါ လာ တာကတော့ စစ်ဒေသရုံးက လာတဲ့စာဖြစ် နေ တာပေါ့၊” ဟု 96 Soldier (LPDF)တပ်ဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

NUG အစိုးရ၏ ညွန်ကြားချက်အောက်တွင် မရှိသော အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆက်သွယ် ခြင်း၊ ဝင်ရောက်နေထိုင်ခြင်း မပြုရန် ကိစ္စဟု ဖော်ပြကာ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံမှ လက်မှတ်ရေးထိုးပြီး ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်း-ဆူးတပ်ရွာတွင် အခြေချနေထိုင် ရန်ရွှေ့ပြောင်းရောက်ရှိလာသော ကိုဇေယျာလွင်ဦးဆောင်သည့် 96 Soldier (LPDF) အဖွဲ့အား အခြေချ နေထိုင်ခြင်းမပြုရန် ထပ်ဆင့်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေပြင်မှာ Local PDF တွေ ၊ NUG အစိုးရအောက်မှာမရှိတဲ့အဖွဲ့တွေကို ဖိနှိပ်ဆက်နေတဲ့ပုံစံတစ်မျိုးလို့ပဲ ကျနော်နားလည်ပါတယ်။ ကျနော်တို့ကမှ ဒီလိုမျိုး စာတတန် ပေတတန်နဲ့ ပေးပို့ပြီးတော့ ဆက်ဆံခံရ သေးတယ်၊ တခြားအဖွဲ့တွေဆိုရင် အဲလိုစာနဲ့ပေးပို့တာမျိုးတောင် မရှိဘူး၊ ခရိုင်တပ်ရင်းက တပ်ခွဲမှူး အဆင့် လောက်က မြေပြင်မှာ လာပြီး တော့ နေလို့မရပါဘူး၊ ထွက်သွားပေးပါ၊ ဘယ်နေ့နောက် ဆုံး ဆိုပြီး လာပြောတဲ့အထိရှိပါတယ်။ အဲလိုမျိုး လာနှင်ထုတ်တဲ့ကိစ္စတွေဟာ ဒီအညာဒေသမှာ အများ ကြီးပါ၊” 96 Soldier (LPDF)တပ်ဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

အဆိုပါညွန်ကြားချက်ကိစ္စနှင့်ပတ်သက်၍ လက်မှတ်ထိုးစာထုတ်ပြန်သူကို ဆက်သွယ်ဆောင်ရွက်ခဲ့ သော်လည်း ရေရာသေချာသည့် ဖြေရှင်းချက်မျိုးပေးခြင်းမရှိကြောင်း၊ စစ်ဒေသရုံးကို ဆက်သွယ် သော်လည်း စကားကို ယှဉ်မပြောပဲ ဖုန်းချပစ်ကြောင်း၊ ထို့ကြောင့် တိုင်းအဆင့်အထိ ဆက်သွယ် သော်လည်း တိကျသေချာသော ဖြေရှင်းချက်မျိုးမရရှိခဲ့ကြောင်း သိရသည်။

“အဲဒီစာကို လက်မှတ်ထိုးပြီးထုတ်ပြန်တဲ့သူကို ကျနော်ဆက်သွယ်ပါတယ်ဗျ၊ ဆက်သွယ်တော့သူ့ ဘက်က ရေရေရာရာ ဖြေရှင်းတာမျိုးမရှိဘူး၊ ဘာကြောင့်နေထိုင်ခွင့်မပေးရတာလဲ ဆိုတာ ဖြေရှင်း တာမျိုးတိတိ ကျကျ ပေးတာ မျိုး မရှိဘူးဗျ၊ စစ်ဒေသရုံးက ပြန်ညွှန်ကြားလိမ့်မယ်ဆိုတာမျိုးနဲ့ စစ်ဒေသ ရုံးကို ပြန်ပြီးတော့ အားကိုးတဲ့သဘောနဲ့ ပြန်ပြောတာမျိုးပဲရှိတယ်၊ စစ်ဒေသရုံးလို့ ပြောလိုက်ပေမယ့် ကျနော့် ဆီပို့ထားတဲ့ စစ်ဒေသရုံးက စာက ဒီနေထိုင်ခြင်းမပြုတာနဲ့ ဘာမှ မဆိုင်ဘူးလို့ ကျနော်က ပြောတဲ့အခါ မှာ စကားကို ယှဉ်မပြောတော့ပဲနဲ့ ဖုန်းကို ဂွက်ခနဲ့ချလိုက်တာမျိုးဖြစ်လာတာပေါ့၊” ဟု ကိုဇေယျာလွင်က ဆက်လက်ပြောကြားသည်။

ယင်းကိစ္စနှင့်သက်၍ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပြန်ကြားရေးတာဝန်ခံ ဦးမောင်မောင်ဆွေကို ဆက်သွယ်ထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article