29 C
Yangon

မြိုင်မြို့နယ်၊ ပန်းတိုင်းတောရွာမှ စိတ်ရောဂါခံစားနေရသော ပြည်သူ ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ကားနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီး

Must read

မြိုင်မြို့နယ်၊ ပန်းတိုင်းတောရွာမှ စိတ်ရောဂါခံစားနေရသော ပြည်သူ ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ကားနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၃၁

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပန်းတိုင်းတောရွာမှ စိတ်ရောဂါခံစားနေရသော ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၃၀ ရက်နေ့ ညပိုင်းက မြိုင်မြို့နယ်၊ ပန်းတိုင်းတောရွာကို ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာနေပြည်သူ စိတ်ရောဂါခံစားနေရသည့် အသက် ၃၇ နှစ်အရွယ် ကိုနေအောင်ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအနီးရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့၏ ကား ၁ စီး နှင့် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် တွင်းမ ပျူစောထီးရွာကိုရောက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article