Khit Thit သတင်းဌာန၏ ဇူလိုင် ၃၁ ရက် နေလယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီက ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ စတင်ထုတ်ဝေမယ့် ငွေစက္ကူ နှစ် သောင်းတန် တွေကို ပုဂ္ဂလိက ဘဏ်တွေနဲ့ စီးပွား ရေးသမားဆီ မယူမနေရ စနစ် နဲ့ စတင်ဖြန့်ချိနေ တာဟာ ၊ NUG ကနေ ၂ သောင်းတန် ငွေစက္ကူ တရားမဝင် ဘူးဆိုတဲ့ ကြေညာ ချက်ကို တန်ပြန်နိုင်ဖို့ လိုက်လုပ်နေတာဖြစ်တယ်လို့ ရန်ကုန်စီးပွားရေး လုပ်ငန်းရှင် တချို့က ပြောပါတယ်။
-ကရင်ပြည်နယ်၊ ဘားအံ-မြို့နယ်၊ သံလွင်တံတား စစ်ဆေးရေးဂိတ်အနီးမှာ ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့ မနက် ၇ နာရီဝန်းကျင်လောက်က ပေါက်ကွဲမှုဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု များထားတယ်လို့ ရဲဘက်သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
– ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ကင်းလှည့်ကားကို CDF – မင်းတပ် တပ်ဖွဲ့ကနေ ကြားဖြတ် တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၇ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။