30 C
Yangon

မြောင်မြို့နယ်၊ ကျောက်ရစ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

မြောင်မြို့နယ်၊ ကျောက်ရစ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်အထိုင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ ၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) ထံမှ သိရသည်။

ဇူလိုင်လ ၃၀ ရက် ညနေ ၅ နာရီ ၃၅ မိနစ်ခန့်က အကြမ်းဖက်စစ်သား၊ ရဲပူးပေါင်းပြီး ကျောက်ရစ်ရွာ၌ အထိုင်ချတပ်စွဲထားသော ရဲကင်းစခန်းကို စက်ကလေး၊ RPG၊ 79 Pading အပါအဝင် လက်နက်ငယ် များဖြင့် ထိုးစစ်ဆင်ခဲ့တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ တပ်သား ရာဇာ အပါအဝင် ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊ မြင်းခြံခရိုင် တပ်ရင်း ၃ ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၄ ၊ ကျေးရွာတပ်ပေါင်းစု( မြောင် ) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မိဘပြည်သူများ အနေဖြင့် အညာဒေသ တော်လှန်ရေးအရှိန်အဟုန်များ ဆက်လက်မြှင့်တင်နိုင်ရန် ယုံ ကြည်စွာဖြင့် ထောက်ပံ့ကူညီပေးကြပါရန် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)တပ်ဖွဲ့က မေတ္တာ ရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article