မြောင်မြို့နယ်၊ ကျောက်တန်းရွာ၌ တပ်စွဲထားသော စစ်တပ်ကို ၂ ရက်ဆက် လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ သြဂုတ် ၁
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်တန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် ၄ MSPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၉ ရက်နေ့တွင် မြောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် ၄ MSPDF မှ ဦးဆောင်၍ Fixed Win Drone များအသုံးပြု၍ Air Bomb ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၃၀ ရက်နေ့တွင်လည်း ကျောက်တန်းကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် ၄ MSPDF မှ ဦးဆောင်၍ Fixed Win Drone များအသုံးပြု၍ Air Bomb ၃ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှု ၂ ရက်ဆက်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု သတင်းကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း Fixed Win Drone ၁ စီးပျက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် ၄ MSDF နှင့် အတူ CHU PDF၊ မိတ္ထီလာခရိုင်တပ်ရင်း ၃ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။