လူမှုဝန်ထမ်း ဝန်ကြီး သက်သက်ခိုင် ဟိုတယ်/ ခရီး ဝန်ကြီးအဖြစ် အပြောင်းခံရ
ရန်ကုန်၊ ဩဂုတ် ၃
အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဖြစ်နေသူ သက်သက်ခိုင်ကို ဟိုတယ်နဲ့ ခရီး သွားလာရေးဝန်ကြီးအဖြစ် မင်းအောင်လှိုင်က ပြောင်းလဲ လိုက်ပါတယ်။
မြန်မာနိုင်ငံကို မိုခါမုန်တိုင်းတိုက်ခတ်ချိန်၊ အညာဒေသနဲ့တိုင်းရင်းသား ဒေသ တွေမှာ ပြည်သူ တွေ စစ်ဘေးရှောင်နေ ရချိန် လူမှုဝန်ထမ်း ကယ်ဆယ်ရေး ပြန် လည် နေရာ ချထားရေး ဝန်ကြီး အဖြစ် ဘာမှ လောက်လောက်လားလား မလုပ်ခဲ့တဲ့ သက်သက်ခိုင်ဟာ နောက်ဆုံးမှာတေ့ ဟိုတယ်/ခရီးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခံ လိုက်ရတာလည်းဖြစ်ပါတယ်။ သက်သက်ခိုင်နေရာကိုတော့ ဒေါက်တာစိုးဝင်း ဆိုသူကို အကြမ်းဖက် မင်းအောင်လှိုင်က ခန့်အပ်ခဲ့ပါတယ်။
စိန်ရွှေရတနာဆိုင်ပိုင်ရှင် သက်သက်ခိုင်ဟာ NLD ကြောင့် အမတ် ဖြစ်လာ ခဲ့ပေမယ့်လည်း NLD ပါတီကို စွန့်ခွာပြီး ပါတီ သစ်ထူ ထောင်ကာ စစ်တပ်နဲ့ ပလူးပလဲလုပ်ရာက မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီမှာ ဝန်ကြီးအဖြစ် ပါဝင် ခွင့်ရလာခဲ့တာလည်းဖြစ်ပါတယ်။
