KNU တပ်မဟာ ၆ နယ်မြေတွင် ဇူလိုင်လအတွင်း စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ဘုန်းကြီး ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၁၃ လုံးပျက်စီး
ရန်ကုန်၊ ဩဂုတ် ၆
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ၌ ဇူလိုင်လအတွင်း အာဏာသိမ်း အကြမ်း ဖက်စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက် မှု၊ လက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် နေအိမ် ၁၃ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန် ထားသည်။
ဇူလိုင်လ ၁ ရက် မှ ၃၁) ရက် အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ လေတပ်၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ် မော်လမြိုင် (ရတခ) မှ Mi-35p Helicopter ဖြင့် ၆ ကြိမ် လာရောက် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ လူထု၏နေအိမ် ၇ လုံး ပျက်စီးခဲ့ရပြီး ၁ လုံးမှာ လုံးဝ ပြန်လည်ပြုပြင်မရသည်အထိ ပျက်စီး ဆုံး ရှုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူလူထုများနေထိုင် ရာ ကျေးရွာများ အ တွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ၅၃ ကြိမ် ပစ်ခတ်ခဲ့ရာ အသက် ၆ နှစ်နှင့် ၈ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ပြည်သူ ၉ ဦးဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။
အဆိုပါ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများကြောင့် ဘာသာရေး အဆောက် အဦး ဖြစ်သော ဘုန်းကြီး ကျောင်း ၁ ကျောင်း၊ ပြည်သူနေအိမ် ၆ လုံး၊ ပြည်သူ ပိုင် ပစ္စည်းများဖြစ်သော အိမ်စီးကား ၂ စီးနှင့် ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့ရကာ ပြည်သူလူထုများ မွေးမြူထားသည့် နွား ၁၇ ကောင်လည်း ကျည်ထိမှန် သေ ဆုံးခဲ့ကြောင်း သိရသည်။
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ပြည်သူလူထု အသုံးပြု သောလမ်းများနှင့် နေထိုင်သော ကျေးရွာများအနီး ထောင်ထားသော မြေမြှုပ်မိုင်းများကြောင့် အပြစ်မဲ့ ပြည်သူ အမျိုးသမီးငယ် ၃ ဦး မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဒူးပလာယာခရိုင်အတွင်း အပြစ်မဲ့ပြည်သူလူထုများမှာ အာဏာသိမ်း အကြမ်း ဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ကျေးရွာများ အကြား မြေမြှုပ်မိုင်းများ လိုက်လံထောင်းထားခြင်းနှင့် မိုးကြီးရေလျှံ ခြင်း ကြောင့် စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင်ရကြောင်း သိရသည်။
ဓာတ်ပုံ- KNU အုပ်ချုပ်မှုနယ်မြေများတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူများ တွေ့ကြုံနေရသည့် ပျက်စီးဆုံးရှုံးမှုများ။


