33 C
Yangon

ယင်းမာပင်မြို့နယ်တွင် သစ်ခိုးထုတ်နေသည့် စစ်သားများကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ယင်းမာပင်မြို့နယ်တွင် သစ်ခိုးထုတ်နေသည့် စစ်သားများကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ သြဂုတ် ၁၀

ယင်းမာပင်မြို့နယ်တွင် သစ်ခိုးထုတ်နေသည့် အကြမ်းဖက် စစ်တပ်မှ စစ်သားများကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန် လေကြောင်းစစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ယင်းမာပင်မြို့နယ်၊ ပန်းထိမ်ပြင်သစ်ကွင်းထဲမှ သစ်များကိုခိုးယူနေသည့် အကြမ်းဖက် စစ်တပ်မှ စစ်သားများကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ် ဘက်မှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး ရွှေတောင်ဦး စစ်တပ် စခန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့၀င်များလည်း အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF၊ စစ်ကိုင်းခရိုင်၊တပ်ရင်းအမှတ်(၄)MSPDF၊ ဗိုလ်ချုပ်၊ ၀က်လက်၊ နဂါးညီနောင်အဖွဲ့၊ ကျောက်လုံးကြီး KLG တပ်မဟာ၊ အနောက်ပိုင်းတိုက်ခိုက်ရေး (001)CDSOM၊ MRTF အရာတော်၊ Monywa Ranger၊ Seven People Defense Force-Mandalay၊ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့၊ Support To Federal Democracy၊ မဖြူလေး နှင့် ဒေသခံတပ်ရင်းတပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article