24 C
Yangon

KNU တပ်မဟာ ၅ တွင် မတ်လ ၂ ပတ်အတွင်း တိုက်ပွဲ ၁၆၇ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၅၄ ဦး သေဆုံး၊ KNLA ဘက်မှ ၇ ဦး ကျဆုံး

Must read

ရန်ကုန်၊ မတ် ၁၆

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ အုပ်ချုပ်နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်း မတ်လ ၁ ရက်မှ ၁၅ ရက်အထိ ၂ ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ BGF တပ်များနှင့် KNLA တပ်ရင်းတပ်ဖွဲ့များကြား တိုက်ပွဲပေါင်း ၁၆၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅၄ ဦး သေဆုံးကာ ၄၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲပေါင်း ၁၆၇ ကြိမ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း တပ်ဖွဲ့များဘက်မှ ၇ ဦး ကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

တပ်မဟာ ၅ နယ်မြေသို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၁၂ စီးကို KNLA က ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်နှင့် BGF တပ်များသည် ကမမောင်းမြို့၊ ခွေးသေနှင့် ၂၁ မိုင် ဒေသ၊ လူသော ဒေသရှိ အများပြည်သူပိုင် လုပ်ကိုင်စားသောက်သော တောင်ယာများအတွင်းသို့ လက်နက်ကြီးဖြင့် ၁၈၉ ကြိမ် ပစ်ခတ်ခဲ့ပြီး၊ လေကြောင်းမှတဆင့် ၁၇ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မူတြော်သတင်းစဉ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ အရပ်သားပြည်သူ ၁၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရကြောင်း KNU တပ်မဟာ ၅ က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – KNLA က တိုက်ခိုက်ဖျက်ဆီးလိုက်သော အကြမ်းဖက်စစ်ကောင်စီ စစ်ကားများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article