စစ်ကောင်စီတပ်အတွင်း တပ်ရင်းမှူးအများအပြား စစ်တိုက်ရန် အမိန့်ငြင်း ဆန် မှုဖြင့် အဖမ်းခံထားရပြီး ခမရ ၃၀၁ မှ တပ်ရင်းမှူး ဗိုလ်မှူးဇေယျာထွန်း စစ် အမိန့် ဖီဆန်မှုဖြင့် ထောင်ဒဏ် ၂၀ ချမှတ်ခံရဟုဆို
ရန်ကုန်၊ ဩဂုတ် ၂၆
အကြမ်းဖက် စစ်ကောင်စီတပ်အတွင်း တပ်ရင်းမှူးအများအပြား စစ်တိုက်ရန် အမိန့် ငြင်းဆန်နေပြီး မကွေးအခြေစိုက် တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးဇေယျာထွန်း(DSA-46) ကို စစ်ရေး အမိန့် ဖီဆန် မှု ဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်ကြောင်း CDM အရာရှိတချို့ ဦးဆောင်သော ပြည်သူ့ရင်ခွင် – People’s Embrace က တရားဝင် သတင်း ထုတ်ပြန်သည်။
ယခုနှစ် ဇွန်လအစောပိုင်းတွင် စစ်ကိုင်းတိုင်း ကသာဒေသအတွင်း ထိုးစစ်ဆင် နေ သည့် မကွေးအခြေစိုက် တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူးဇေယျာထွန်း(DSA-46) သည် စစ်ရေးအမိန့်ငြင်းဆန်ခဲ့ သဖြင့် ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခံလိုက်ရကြောင်း၊ ဗိုလ်မှူး ဇေယျာထွန်း သည် ယာယီတပ်ရင်းမှူးအဖြစ် ရာထူးတိုးပေးပြီး အသေခံခိုင်းသည်ကို ငြင်းဆန် ပြီး ထောင်ဒဏ်ကိုရွေးချယ်ခဲ့သည့်လုပ်ရပ်အဖြစ် တပ်အတွင်းတွင် လှုပ်ခတ် သွားစေခဲ့ကြောင်း ပြည်သူ့ရင်ခွင် – People’s Embrace က ဆိုသည်။
အလားတူ ကရင်ပြည်နယ် မြဝတီ လက်ခတ်တောင်တိုက်ပွဲတွင် တပ်မ ၄၄ လက်အောက်ခံတပ်များ အထိအခိုက် အကျအဆုံး များပြားပြီး စိတ်ဓာတ် ကျဆင်းနေသည့် စစ်ကောင်စီတပ်များသည် တပ်ပျက်သည်အထိ စစ်ရေး အထိ နာနေကြောင်း၊ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ တပ်ရင်းမှ တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး အာကာအောင် (DSA-46) နှင့် ဒုတပ်ရင်းမှူး ကျော်သူမောင် (DSA-47) တို့ နှစ်ဦးသည် စစ်ရေးအမိန့်ဖီဆန်မှုဖြင့် ဖမ်းဆီးထိန်းသိမ်း အရေး ယူ ခံထားရကြောင်း သိရှိရသည်။
ထို့အတူ ကချင်ပြည်နယ်၊ လိုင်ဇာ နမ့်ဆန်ယန်ဒေသကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် ခလရ ၁၂ ၊ ခလရ ၁၃ ၊ ခမရ၄၁၁ ၊ ခလရ ၃၇ နှင့် ခမရ ၃၇၈ တပ်ရင်းများမှ တပ်ရင်းမှူးများကို စစ်ဆင်ရေးအမိန့်ဖီဆန်မှုဖြင့် အသီးသီး ဖမ်းဆီးချုပ်နှောင် အရေးယူထားကြောင်း ပြည်သူ့ရင်ခွင် – People’s Embrace ၏ အဆိုအရ သိရှိရသည်။
KIA ဌာနချုပ်အနီး နမ့်ဆန်ယန်စစ်ဆင်ရေးတွင် တပ်မ ၁၁ လက်အောက်ခံ တပ်များ ၏ စစ်ရေးအမိန့်ဖီဆန်မှုများ ဆက်တိုက်ပေါ်ပေါက်လာပြီးနောက် ကစထမှူး နှင့် မြောက်ပိုင်းစစ်တိုင်းမှူးတို့ကိုပါ ခေါ်ယူထိန်း သိမ်းအရေး ယူခဲ့ခြင်း ဖြင့် တပ်တွင်း အကွဲအပြဲများစွာဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ထိုသို့ စစ်ဗိုလ်ချုပ်ကြီးများ၏ အတင်းအကျပ် ဖိအားပေး ထိုးစစ်ဆင်ခိုင်းနေခြင်း နိုင်ငံအနှံ့ စစ်ရေးရှုံးနိမ့်မှုများလာတာ ခြင်းနှင့် စစ်မြေပြင်တွင် အကျအဆုံး များလာခြင်းတို့ကြောင့် စစ်သားအများအပြား တပ်တွင်းမှ ထွက်ပြေးကာ အစုလိုက်အပြုံလိုက် ပြည်သူ့ထံပူးပေါင်းဝင်လာရောက်ကြောင်း သိရှိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ထုတ်ပြန်ချက်အရ အကြမ်းဖက် စစ်တပ် လက် အောက်တွင် တာဝန် မထမ်းဆောင်သဖြင့် ၄ လတာအတွင်း ထွက်ပြေး လာ သည့် စစ်သား ၅၀၀ နီးပါးရှိကြောင်း သိရှိရသည်။