20 C
Yangon

ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ သြဂုတ် ၂၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ် အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးမြို့ပေါ်သို့ ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ်၏ ခလရ ၇၁ စစ်ကြောင်းသည် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေသောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” ရွာတွေကတော့ အရင်ရှောင်နေရတဲ့ ရွာတွေပဲ စစ်ခွေးတွေက သူတို့ စစ်ကြောင်းဖြတ်သွားတဲ့ လမ်းတစ်လျှောက်က ရွာတွေထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ထည့်ခဲ့တယ် ။ရေဦးကနေစထွက်လာကတည်းက လက်နက်ကြီး လက်နက်ငယ်တွေပစ်ပြီး ထွက်လာတာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေက သောင်းနဲ့ချီပြီးရှိတယ်” ဟု ရေဦးမြို့နယ် အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) ကပြောဆိုသည်။

လက်ရှိချိန်တွင် ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာများမှာ ငြုတ္တုံရွာ၊ မုတ်စီရွာ၊ ကုန်းကြီးရွာ၊ ကုန်းတန်းရွာ၊ နှောကုန်းရွာ၊ ရွာမိဿာရွာ၊ ဇဝရွာ၊ ကုန်းသာရွာ၊ ရွာသစ်ရွာ၊ ချမ်းသာရွာ၊ ဇီးကုန်းရွာ၊ ကျီကုန်းရွာ၊ ခြုံရွာရွာ၊ ပေါက်တောရွာနှင့် မစိုးရိမ်ရွာတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ရေဦးမြို့နယ်ရှိ ရွာမိဿာကျေးရွာကို ရောက်ရှိနေပြီး ဒီပဲယင်းမြို့နယ်အတွင်း ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်နိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article