ကော့ကရိတ်မြို့အဝင်ရှိ စစ်တပ် စခန်းနှင့် ကော့နွဲ့ကျေးရွာရှိ စစ်တပ်စခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှု စစ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အဝင်၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများနှင့် ကော့နွဲ့ကျေးရွာ ရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦး ခန့်သေဆုံးခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာ န ထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၂၆ ရက် နံနက် ၈ နာရီမိနစ် ၂၀ နှင့် နံနက် ၉ နာရီခွဲခန့်တွင်ကော့ကရိတ်မြို့အဝင် အာရှလမ်းမဘေးရှိ ဆောက်လက်စဆီဆိုင်ဝန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနှင့် ကော့နွဲ့ ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတို့ကို ၁၀၇ မမ ဗုံးသီး၊ ၆၀ မမ ဗုံးသီးတို့အသုံးပြုပြီး ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးခန့်သေဆုံးပြီး ၁၀ ဦးခန့်အပြင်းအထန်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
“တစ်နေရာကို ၃၀ နဲ့ ၅၀ ဝန်းကျင်ကြားလောက်မှပဲ တပ်စွဲထားတာပါ၊ ၁၀၇ မမ ဗုံးသီးကြောင့် စစ်ခွေး တွေသေဆုံးထိခိုက်များတာ၊ ၁၀၇ မမ ဗုံးသီးကို ဒရုန်းမှာတပ်ပြီး ကျဲချခဲ့တာ၊ စစ်တပ်က ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ ရွာသားတစ်ဦးထိတယ်လို့ သိရတယ်၊ဘယ်ရွာကလည်းတော့ မသိရ ဘူး၊ နေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိမရှိလည်း မသိရသေးပါဘူး” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့မှ တာဝန် ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာ န ထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ Cloud Wings ဒရုန်းတပ်ဖွဲ့ နှင့် Special Operation Group တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီးများဖြင့် အလုံး၅၀ ထက်မနည်း နေရာအနှံ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA ၊ Cloud Wings ၊ SOG ပူးပေါင်း တပ်ဖွဲ့ ဝင်များ ၊ လက်နက်ခဲယမ်း၊ ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှု တစုံတရာမရှိခဲ့ကြောင်း သိရသည်။
ပြည်သူလူထုအပေါ် ဥပဒေမဲ့ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်မှုများကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သား၊ လက်အောက်ခံဝန်ထမ်းများကို ကော့ကရိတ်မြို့နယ်မှ စတင်ကာ အမြစ်ပြတ်တိုက်ခိုက် ချေ မှုန်း သွားမည်ဖြစ်ကြောင်း Cloud Wings တပ်ဖွဲ့မှ ထုတ်ပြန်အသိပေးထားသည်။