37 C
Yangon

မင်္ဂလာဒုံ ရဲတပ်ရင်း ၈ ကို ဗုံးခွဲတိုက်ခိုက်မှု ရဲ ၁ ဦး ဒဏ်ရာရ ၊ နွေဦးအောင်လံ စစ်ဆင်ရေး အမည်ဖြင့် တိုက်ခိုက်ခဲ့ဟုဆို

Must read

မင်္ဂလာဒုံ ရဲတပ်ရင်း ၈ ကို ဗုံးခွဲတိုက်ခိုက်မှု ရဲ ၁ ဦး ဒဏ်ရာရ ၊ နွေဦးအောင်လံ စစ်ဆင်ရေး အမည်ဖြင့် တိုက်ခိုက်ခဲ့ဟုဆို

ရန်ကုန်၊ ဩဂုတ် ၂၇

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရဲတပ်ရင်း ၈ ကို ယနေ့ ည ဗုံးခွဲတိုက်ခိုက်ရာ ရဲ ၁ ဦးဒဏ်ရာရရှိပြီး နွေဦးအောင်လံ စစ်ဆင်ရေး အမည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း KMD18- အမဲလိုက်သမား (Hunter Unit) မှ ပြန်ကြားရေးတာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ၂၇ရက်နေ့ ည ၇ နာရီ ၉ မိနစ်အချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်၊ ပတ္တမြားလမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ် ၈ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲကို အဝေးထိန်းမိုင်းများ အသုံးပြုပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီးတွင် ရဲတပ်သား ၁ ဦး ထိခိုက်မှုရှိခဲ့ပြီး ပစ်မှတ်နေရာမှ ဆေးရုံကားဖြင့်တင်ခေါ်သွား ကြောင်း သိရှိရသည်။

“အဲဒီရဲတပ်ရင်းက ကောင်တွေက မင်္ဂလာဒုံ ထောက်ကြန့် လှည်းကူးမြို့နယ် တွေမှာ ဆပ်ကြေးကောက် ဆိုင်ကယ်ဖမ်း ငွေညှစ်လုပ်နေတဲ့ကောင်တွေ ဖြစ်တယ်။ မော်တော်ပီကယ်တွေ ပိုက်ဆံကောက်ရင်လည်း လုံခြုံရေးလုပ် ပေး တယ်။ ညဘက်ဧည့်စစ်လည်း အဲ့ခွေးတွေပါတယ်။ ဗုံးထိတဲ့ ရဲ ၁ကောင် ကုတင် ၁၀၀၀ ပို့လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်” ဟု KMD18- အမဲလိုက်သမား (Hunter Unit) မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ယခုစစ်ဆင်ရေးကို KMD18- အမဲလိုက်သမား (Hunter Unit) မှ “နွေဦး အောင်လံ” စစ်ဆင်ရေးအနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ကို စစ်အာဏာရှင်က လုံးဝအုပ်ချုပ်ခွင့်မရအောင် ပြင်းထန်စွာ တိုက်ခိုက် သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က မင်္ဂလာဒုံ မြို့နယ်၊ လမ်းဆုံလမ်းခွများကို ပိတ်ဆို့စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် တော်လှန်ရေးကြီးတွင် ပူးပေါင်းကူညီသော အားဖြင့် အကြမ်း ဖက်စစ်တပ် တပ်စခန်းအနီးအနား၊ ဘန်ကာများ၊ ကင်းပတ်ကားများ နှင့် ဝေးဝေးရှောင်ကွင်း နေထိုင်သွားကြပါရန် လည်း မြို့ပြ UG အဖွဲ့အားလုံး ကိုယ်စား အဆိုပါအဖွဲ့က အထူး မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်စစ်ဆေးနေသော အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ။(ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article