စစ်အာဏာရှင် တော်လှန်ရေး ကာလ မြန်မာသတင်းမီဒီယာကောင်စီ၏ ဖြစ် သင့်သော လားရာ
By ရန်ကုန်ခေတ်သစ်
“အရည်အသွေးရှိသော မီဒီယာမှာ လွတ်လပ်ခွင့်ကို အထောက်အကူပေးသည့် အခြေခံ အကြောင်းတရားဖြစ်သည်။ သို့သော် အရည်အသွေးရှိရန်ဟူသော အကြောင်းပြချက်ဖြင့် လွတ်လပ်ခွင့်ကို မချုပ်ချယ်အပ်ပေ။ အဘယ်ကြောင့် ဆိုသော် လွတ်လပ်ခွင့်မရှိဘဲ တာဝန်ခံမှုရှိသော မီဒီယာလောကကို တည် ဆောက်၍ မရနိုင်ပေ”ဟု မီကလော့ ဟာရာဇ်တီ၊ ဟန်ဂေရီနိုင်ငံသား စာရေး ဆရာ၊ ပါမောက္ခနှင့် ဘီလာရုစ်နိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံအတွက် လက်ရှိ အခြေအနေနှင့် ဆက်စပ်နေသော မီဒီယာကောင်စီ ဆိုင်ရာ အကြံပြုချက်များ ရှိနေပါသည်။
၁။ Self-regulatory body တစ်ရပ်လိုအပ်ခြင်း
==========================
ယခုတော်လှန်ရေးကာလ ပဋိပက္ခအခြေအနေတွင် မီဒီယာကောင်စီတစ်ခု တည် ထောင် ခြင်းအားဖြင့် မီဒီယာကို ထိန်းကျောင်းမည်ဆိုလျှင် ထိုကောင်စီ သည် မည်ကဲ့သို့သော ကောင်စီမျိုး ဖြစ်သင့်သနည်း။ ယခင် မြန်မာနိုင်ငံတွင် ရှိခဲ့သော မီဒီယာကောင်စီသည် အယောင်ဆောင် ဒီမိုကရေစီပြုပြင် ပြောင်းလဲ ရေး ကာလအတွင်းပေါ်ပေါက်လာခဲ့ပြီး အစိုးရကိုယ်တိုင်ကိုယ်ကျ တဖြည်း ဖြည်း မီဒီယာ စည်းမျဉ်းစည်းကမ်းများကို အလျှော့ပေးမည်ဟူသော မူဖြင့် “Guided liberalization” “ calculated and measured liberalization” ပုံစံဖြစ်ရာ အခြားဒီမိုကရေစီ နိုင်ငံအတော်များများမှ မီဒီယာကောင်စီ ပေါ် ပေါက် ပုံများနှင့် မတူခဲ့သော ဖြစ်စဉ်တစ်ရပ် ဖြစ်ခဲ့ပါသည်။
မီဒီယာသည် ဖြစ်နိုင်လျှင် နိုင်ငံတော်၏ စီမံခန့်ခွဲမှုကို မလိုအပ်ပါ။ နိုင်ငံတော်က ဝင်ရောက်စီမံ တည်ထောင်ပေးသော မီဒီယာကောင်စီကိုလည်း မလိုအပ်ပါ။ မီဒီယာ၏ သဘောသဘာဝအရ လွတ်လပ်မှုက အနှစ်သာရဖြစ်ရာ ချုပ်ခြယ် သော စည်းမျဉ်းစည်းကမ်းကို ထားရှိပါက မီဒီယာတို့က အလိုမတူလျှင် မီဒီယာကောင်စီ၏ ရပ်တည်မှုမှာ မအောင်မြင်နိုင်ပေ။
အလားတူပင် နိုင်ငံတော်၏ ချုပ်ခြယ်မှုမျိုးကို မိတ္တူပွားထားသော မီဒီယာ သမားများက အုပ်ချုပ်သည့် မီဒီယာကောင်စီမျိုးသည်လည်း အောင်မြင်နိုင် သည့် အခြေအနေ နည်းပါးပါသည်။ အောက်ပါ ဥပမာများကိုကြည့်နိုင်ပါသည်။
The Centre for Law and Democracy က ၂၀၂၁ ဒီဇင်ဘာလတွင် “မြန်မာနိုင်ငံမီဒီယာကောင်စီ – တရားဝင်တည်ရှိရေးအတွက် သီးခြားလွတ် လပ်သော အဖွဲ့အစည်းဖြစ်ရန် လိုအပ်” ဟူသော မူဝါဒရေးရာ အကြံပေးချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။
ထိုစာတမ်းတွင် အာဏာသိမ်းအပြီး မီဒီယာကောင်စီဝင်ဟောင်းများ နှုတ်ထွက် ကြပြီးနောက် စကစ၏ အာဏာစက်အောက်တွင် ပေါ်ပေါက်လာသော မီဒီယာ ကောင်စီသစ် ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ဤသို့တုံ့ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိ တော်လှန်ရေးအခြေအနေတွင်လည်း ထို အကြံပြုချက် ၏ အရေးပါမှုမှာ ပြောင်းလဲသွားမည် မထင်ပေ။ ကမ္ဘာပေါ်တွင် နိုင်ငံတိုင်းတွင် မီဒီယာကောင်စီရှိကြသည်မဟုတ်ပေ။ (ဥပမာ- ပြင်သစ်၊ အမေရိကန် ပြည်ထောင်စု၊ မလေးရှားတို့တွင် မီဒီယာကောင်စီမရှိပါ။)
မီဒီယာကောင်စီသည် ဂျာနယ်လစ်များနှင့် မီဒီယာတိုက်များက စိတ်လိုလက်ရ အဖွဲ့ဝင်အဖြစ် သဘောတူထားသော ကောင်စီဖြစ်မှာသာ မိမိတို့၏ ရေးသား တင်ဆက်မှုများကို မီဒီယာကိုယ်တိုင်က တာဝန်ခံမည်ဟူသော အယူအဆ ရှိသည်။
ပြင်သစ်ကဲ့သို့မဟုတ်ဘဲ မီဒီယာကောင်စီရှိသော နိုင်ငံများတွင်ပင် မီဒီယာတိုင်း သည် မီဒီယာကောင်စီ၏ အဖွဲ့ဝင်ဖြစ်ကြသည်မဟုတ်ပေ။ ဥပမာ- ယူကေတွင် the Guardian, Independent နှင့် Financial Times အစရှိသည့် သိက္ခာရှိ သော မီဒီယာများစွာသည် ၂၀၁၄မှ စကာနာမည်ပြောင်းဖွဲ့စည်းထားသည့် ယူကေ၏ မီဒီယာကောင်စီသစ် Independent Press Standards Organization တွင် အဖွဲ့ဝင်မဟုတ်ပေ။
ယူကေ၏ မီဒီယာကောင်စီ သက်တမ်းမှာ သတင်းစာသမိုင်းနှင့် နှိုင်းစာသော် မကြာမြင့်လှသေးပါ။ ဒုတိယကမ္ဘာစစ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန ကိုယ် တိုင် စစ်ဝါဒဖြန့်ချီရေးကို ဦးဆောင်ခဲ့ပြီးနောက် စစ်ပြီးသောအခါ မီဒီယာ အရည် အသွေးကို မြှင့်တင်ရန် ယူကေ မီဒီယာတို့သည် မိမိတို့ဘာသာ စီမံနိုင် မည့် မီဒီယာထိန်းကျောင်းရေး အဖွဲ့အစည်းတစ်ခုလိုအပ်ကြောင်း လက်ခံလာ ကြသည်။
ယူကေ၏ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲရာတွင် စနစ်ကျနသော နိုင်ငံမျိုး တွင်ပင်လျှင် IPSO ၏ အဆုံးအဖြတ်ကို မနာခံကြသည့် အမှုများရှိခဲ့ကြသည်။ ဖွဲ့ပြီးခါစတွင် IPSO ၌ ယူကေမီဒီယာလောကမှ စာနယ်ဇင်းပေါင်း ၁၁၆၅ ခုနှင့် ထုတ်ဝေသူ ၈၅ဦးတို့ပါဝင်ကြသည်။ Self-regulatory body တို့၏ ထုံးစံသည် စာနယ်ဇင်းမှ နှစ်စဉ် ထည့်ဝင်ငွေဖြင့် ရပ်တည်ရသောကြောင့် လွတ်လပ်သည်။
တစ်ချိန်တည်းတွင် မီဒီယာက မီဒီယာကောင်စီ၏ ထိန်းကျောင်းမှု၊ အငြင်း အခုံများအပေါ်တွင် ဝင်ရောက် ညှိနှိုင်းဆုံးဖြတ်ပေးမှုကို စိတ်လိုလက်ရ လက်ခံ ပါမည်ဟု လက်မှတ်ထိုးထားပြီး နှစ်စဉ် ထည့်ဝင်ကြခြင်းဖြစ်ရာ ကောင်စီကို မကျေနပ်လျှင် အချိန်မရွေးထွက်သွားနိုင်သည်။ သို့ဖြစ်ရာ ကောင်စီ၏ ဆုံးဖြတ်ချက်များသည် မျှတရုံမျှမက ပွင့်လင်းမြင်သာမှုကို ဦးထိပ်ထားရမြဲ ဖြစ်သည်။
ယခုစစ်ကာလအခြေအနေတွင် ဤကဲ့သို့ အပြန်အလှန်ယုံကြည်မှုဖြင့် တည် ဆောက်သော လွတ်လပ်သည့် မီဒီယာကောင်စီတစ်ရပ် ဖြစ်ပေါ်နိုင်ပါ၏လော ဆိုသည်မှာ လက်ရှိတည်ရှိနေသော မီဒီယာလောကသား တစ်ဦးချင်းတို့၏ အဆုံးအဖြတ်ပေါ်တွင် မူတည်သည်။ တစ်စုတစ်ဖွဲ့က လိုလားရုံမျှဖြင့်၊ ဦးဆောင် ညွှန် ကြားမှုပေးရုံမျှဖြင့် အသက်ဝင်လည်ပတ်နိုင်သော အခြေအနေကို ရောက်ရှိရန်မလွယ်ကူနိုင်ပေ။
၂။ နိုင်ငံရေးအဖွဲ့အစည်းများ၏ သြဇာမှ ကင်းလွတ်ခြင်း
=================================
တဖန် Centre for Law and Democracy မူဝါဒစာတမ်းတွင် အောက်ပါ အတိုင်း အကြံပြုထားပါသည်။
သတင်းမီဒီယာစည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုသည် မိမိ၏ လွတ်လပ်ခွင့်အတွက် အထူးသဖြင့် နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှုမှ ကင်းလွတ် ခွင့်အတွက် အကာအကွယ်ပေးမှု များ ရရှိသင့်၏။ ဥပမာအားဖြင့်- နိုင်ငံရေး နောက်ခံ အဆက်အသွယ်ရှိသူများကို အဖွဲ့ဝင်အဖြစ် ခန့်အပ်မှုအား တားမြစ် ခြင်းနှင့် အဖွဲ့ဝင်များအား လက်တုံ့ပြန်ခြင်းတို့ကို ဥပဒေအရ အကာအကွယ် ပေးသင့်၏။
၃။ Conflict of interest ကိုယ်ကျိုးပါဝင်မှုဖြစ်လာနိုင်ခြေကို ပြတ်သားစွာ ဟန့်တားခြင်း
=========================================
မီဒီယာကောင်စီ၏ အဖွဲ့ဝင်များသည် ပဋိပက္ခအခြေအနေမျိုးတွင် ကောင်စီ၏ အဖွဲ့ဝင်ဖြစ်လာမည့် သူများက ယုံကြည်ကိုးစားလောက်သူများ ဖြစ်ရန်၊ တရား မျှတမှု အတွက် ရပ်တည်ခဲ့သည့် သမိုင်းစဉ် ကောင်းရှိသူများ ဖြစ်ရန်၊ Conflict of interest ကောင်စီဘုတ်အဖွဲ့ဝင်နေရာကို အကြောင်းပြုပြီး မိမိကိုယ် ကျိုးတစုံတရာ ရရှိနေနိုင်သူများ မဖြစ်စေရန်(ကာယကံရှင်က မရည်ရွယ် သည်ဖြစ်စေ) လိုအပ်သည်။
တဖန် မီဒီယာကောင်စီတွင် ရှင်းလင်းသော တာဝန်ပြဌာန်းချက် နှင့် လုပ်ပိုင်ခွင့် ရှိရပါမည်။ NGO တစ်ရပ်၏ မီဒီယာဖွံ့ဖြိုးရေး လုပ်ငန်းဆောင်တာနှင့် ပုံစံတူ မဖြစ်နိုင်ပါ။ နိုင်ငံတော်၏ ဆင်ဆာသဘောဆန်ဆန် စွက်ဖက်မှုပုံစံများကို ယူငင်ကျင့်သုံးလျှင်လည်းကောင်း၊ မီဒီယာဖွံ့ဖြိုးရေး အေဂျင်စီ (သို့) NGO တို့၏ အလှူရှင်နှင့် ပရဟိတ ရံပုံငွေအပေါ် မှီခိုရသည့် လုပ်ငန်းများ ဆောင်ရွက် နေရလျှင်သော်လည်းကောင်း conflict of interest များပါလာနိုင်သည့် အခြေအနေမျိုးဖြစ်စေကာ မိမိထိန်းကျောင်းနေရသော မီဒီယာများက မိမိကို မယုံကြည်တော့သည့် အခြေအနေ ဖြစ်လာနိုင်ပါသည်။ မီဒီယာကောင်စီ၏ သဘောသဘာဝမှာ “Press councils, as collective bodies, enjoy the highest possible representation and, therefore, broader credibility.” (Haraszti 2008,p. 46) ဟု ဆိုပါသည်။
ကိုယ်စားပြုမှုကျယ်ပြန့်သော ကောင်စီကိုသာ ကောင်စီအဖွဲ့ဝင်ဖြစ်လာမည့် မီဒီယာများက ယုံကြည်မှု အပြည့်အဝရှိမည်ဖြစ်ရာ ကောင်စီသည် မီဒီယာများ အပေါ် Divide and rule ပုံစံမျိုး မဖြစ်လာရန် လုံးဝ ရှောင်ရှားကြရလေ့ရှိသည်။ သို့မှသာ မူလရည်ရွယ်ချက်ဖြစ်သော မီဒီယာ အရည်အသွေးကို ထိန်းကျောင်း ပြီး မီဒီယာလောကဖွံ့ဖြိုးရေးကို မြှင့်တင်ရန်ဟူသော ရည်ရွယ်ချက် အထ မမြောက် ဖြစ်နိုင်ပါသည်။
ဥရောပ၊ မြောက် အမေရိကနှင့် ဗဟိုအာရှမှ ၅၇ နိုင်ငံပါဝင်သည့် ဧရိယာများမှာ မီဒီယာ လွတ်လပ်ခွင့်ကို စောင့်ရှောက်သော Organization for Security and Co-operation in Europe, Representative on Freedom of the Media အဖွဲ့ကြီးက မီဒီယာကောင်စီများ၏ အခြေခံ လုပ်ငန်းတာဝန်များကို ဤ သို့ဖော်ပြသည်။
၄။ မီဒီယာကောင်စီများ၏ အဓိက တာဝန်များမှာ-
============================
• မီဒီယာများအပေါ် မကျေနပ်ချက်၊ တိုင်တန်းချက်များပေါ်ပေါက်ခဲ့သော် လက်ခံ ကြားနာရန်
• ထိုတိုင်တန်းခံရသော မီဒီယာ၏ လုပ်ရပ်မှာ အများလက်ခံ ပြဌာန်း ထား သော သတင်းစာ ကျင့်ဝတ်၏ ဘောင်များနှင့်ညီညွတ်ခြင်းရှိမရှိ ဆန်းစစ်ရန်
•ရှုထောင့်အသီးသီးကို ထည့်သွင်း၍ သုံးသပ်ဆင်ခြင်ရန်
• မီဒီယာနှင့် တိုင်တန်းသူတို့အကြား ကြားခံ ညှိနှိုင်းပေးသူ (Mediator) အဖြစ် တည်ရှိပေးရန်
• တရားမျှတမှုကို အခြေခံသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် ညှိနှိုင်းတိုက်ဆိုင်စစ်ဆေးပေးရန်
• ကျင့်ဝတ်ပိုင်းဆိုင်ရာညွှန်ကြားချက်များကို မလိုက်နာသော မီဒီယာများကို အများသိအောင် ထောက်ပြခြင်း
• ထိုသို့ ကျင့်ဝတ်မလိုက်နာသူကို လူသိရှင်ကြားဖြစ်စေသော ကိစ္စမျိုးတွင် မိမိ တို့ မည်သို့မည်ပုံ ဆုံးဖြတ်ခဲ့သည်ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက် ခဲ့ ကြောင်း အများသိအောင် မှတ်တမ်းကို ချပြခြင်း
• မီဒီယာအပြောင်းအလဲများအပေါ် သုံးသပ်၊ ဝေဖန်ရန်နှင့် စာနယ်ဇင်းများ လိုက်နာရန် ကျင့်ဝတ်များ ပြဌာန်းရာတွင် လမ်းညွှန်ပေးရန်
• ထိုပြဌာန်းထားသော ကျင့်ဝတ်များကို ပြင်ဆင်ရာတွင် အကြံဉာဏ် များပေးရန်
• စာနယ်ဇင်းတို့အတွက် ပရော်ဖက်ရှင်နယ် စံအဆင့်အတန်းများကို အတည်ပြုပေးရန်
• စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကာကွယ်ပေးရန်
ယခင်ဖြစ်တည်ခဲ့သော ၂၀၁၄ က စတင်ဖွဲ့စည်းခဲ့သည့် မီဒီယာကောင်စီများကို ကြည့် လျှင် နိုင်ငံ၏ အခြေအနေကို ထောက်ငဲ့ပြီး မီဒီယာဖွံဖြိုးရေး တာဝန်များ ကိုပါ ပူးတွဲဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ သို့ရာတွင် မီဒီယာကောင်စီသည် မိမိတို့၏ ပင်မ တာဝန်များကိုမူ ပွင့်သစ်စ အဖွဲ့အစည်းတစ်ခုအနေနှင့် အပြည့် အဝတာဝန် ယူနိုင်ရန် စိန်ခေါ်မှုများ များစွာရှိခဲ့သည်။
ဥပမာ- မည်သည့် အမှုကိစ္စများ၊ မည်သည့် အငြင်းပွားမှုများတွင် မည်သို့ ကြားဝင် ဖြန်ဖြေ ညှိနှိုင်းဆုံးဖြတ်ပေးခဲ့သည်များကို ထုတ်ပြန်ခြင်း ပုံမှန် မရှိခဲ့ သောကြောင့် အများပြည်သူသည် မီဒီယာကောင်စီ၏ နေရာကို များစွာ နားမ လည် ခဲ့ကြပါ။
ယခု တော်လှန်ရေးကာလ ထွက်ပေါ်လာသော မီဒီယာကောင်စီဖွဲ့စည်းပုံ မူကြမ်း ( ဇူလိုင်လမူ) တွင် အလားတူအမှုများအတွက် မည်သို့ဆုံး ဖြတ်ခဲ့ ကြသည်ကို ကောင်စီWebsiteတွင် ဖော်ပြထားမည်ဟု ရေးသားထားပါသည်။
၅။ သုတေသနနှင့် လေ့လာမှုများ
၂၀၂၃ Center for Law and Democracy က အကြံပြုထားသော မီဒီယာကောင်စီ အဆိုပြုချက်- အခန်း (၃) ကောင်စီ၏ ဖွဲ့စည်းပုံတွင် ပါရှိသော ကော်မတီသုံးရပ်၏ ဖွဲ့စည်းပုံများသည် ကာလဒေသနှင့် လိုက်လျောညီထွေ ဖြစ်မဖြစ်ကို သိရှိနိုင်ရန် အခြား မီဒီယာကောင်စီဖွဲ့စည်းပုံများကို ကျေညက်စွာ လေ့လာရန် လိုအပ်ပါသည်။
ဤသို့ အခြားနိုင်ငံမူများကို နမူနာယူသည့် အစိတ်အပိုင်းများတွင်လည်း အာဏာရှင် အငွေ့အသက် ကင်းပသည့် အပြောင်းအလဲများကိုသာ ဦးတည် ကြသည့် ဖွဲ့စည်းပုံများကို ဆန်းစစ်သင့်ကြပါသည်။ ထိုကော်မတီများတွင် အရေးအကြီးဆုံးမှာ Conflict of interest ကို ဖယ်ရှားနိုင်မှသာ ရေရှည်ခံ သော လုပ်ငန်းထိရောက်သော ကော်မတီတစ်ခု ဖြစ်နိုင်မည်ဖြစ်ပြီး အကယ်၍ ကော်မတီများအပေါ် မီဒီယာများက မတရားဟု စွပ်စွဲချက်များ ရှိလာနိုင် သည့်အခြေအနေမှာ ယခုပဋိပက္ခကာလတွင် ပိုပြီးပြင်းထန်သော နောက်ဆက်တွဲများဆီသို့ မလိုလားအပ်ပါဘဲ ရောက်ရှိသွားနိုင်ပါသည်။
ဥပမာ- ထိုင်းမီဒီယာ အဖွဲ့အစည်းများသည် လွန်ခဲ့သည့် ဆယ်နှစ်တာ ကာလ အတွင်း အာဏာရှင်ဆန်ဆန်အမူအကျင့်ကို ကျင့်သုံးနိုင်သည့် မီဒီယာကောင်စီ ကို အသက်သွင်းမည့် ဥပဒေကို အဆက်ဆက် ဆန့်ကျင်ခဲ့ကြသည် ။
လွန်ခဲ့သည့် နှစ်နှစ်ခန့်က သြစတြေးလျားမီဒီယာကောင်စီနှင့်ပတ်သက်ပြီး မီဒီယာများ၏ ဆန္ဒပြမှုများ ကြိမ်ဖန်များစွာ ပေါ်ပေါက်ခဲ့သည်။ ၂၀၂၁ ဧပြီတွင် ထုတ်ဝေသူများနှင့် ဂျာနယ်လစ်အဖွဲ့အစည်းများက သြစတြေးလျား မီဒီယာကောင်စီကို အငြင်းပွားမှုများ ထိရောက်စွာ မဖြေရှင်းပေးနိုင်သဖြင့် အဖွဲ့ဝင်ကြေး ဆက်မထည့်နိုင်ဟု ဆန္ဒပြခဲ့ကြသည်။
၆။ မီဒီယာကောင်စီအောင်မြင်ရေး အရပ်ဘက်အဖွဲ့အစည်းနှင့် လက်တွဲဆောင်ရွက်ခြင်း
=======================================
စစ်ကာလအတွင်း မီဒီယာသည် စစ်၏ လက်နက်တစ်ခုအဖြစ် ဝင်သုံးကြချိန် တွင် လွတ်လပ်သော မီဒီယာကောင်စီတစ်ခု သန္ဓေတည်ရန် ခဲယဉ်းသည်။ သို့ရာတွင် မီဒီယာကောင်စီက ဝင်ရောက် ဆောင်ရွက်ပေးနိုင်သော အရေးကြီး သည့်လုပ်ငန်းတစ်ခုမှာ မီဒီယာကြောင့် အများပြည်သူတို့ နစ်နာချက်များ ရှိခဲ့ပါက တိုင်ကြားဖြေရှင်းနိုင်သော အဖွဲ့အစည်း တစ်ရပ်အဖြစ် ရပ်တည် ပေးရန် ဖြစ်သည်။
တရားရေးမဏ္ဍိုင်ကို မယုံကြည် မကိုးစားနိုင်သည့် အခြေအနေများတွင် နစ်နာ သူများ သက်သာရာရစေမည့် ဖြေရှင်းနည်းတစ်ရပ်ဖြစ်စေရန် မီဒီယာလောက စည်းမျဉ်းစည်းကမ်းများကို ကျွမ်းကျင်သူများနှင့် အရပ်ဘက်မှ လူသူလေးပါး လေးစားသူများ ဖွဲ့စည်းထားသော မီဒီယာကောင်စီ တစ်ရပ်ကို ပြည်သူတို့က အားကိုးလာနိုင်ကြမည်။
အတိတ်တွင် ဆိုဗီယက်အလွန် လစ်ဘရယ်ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလာ သော အရှေ့ ဥရောပနိုင်ငံများ တွင်သာမက အနောက်ဥရောပ နိုင်ငံများမှာ မီဒီယာကောင်စီများသည် အရပ်ဘက် လူ့အဖွဲ့အစည်း၏ ပါဝင်မှုကို ရယူကြပြီး တရားဝင်မှုကို ခိုင်မာအောင် တည်ဆောက် ကြသည်။
ဤနေရာတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို မီဒီယာ ကောင်စီ၏ အဆုံးအဖြတ်များ မျှတအောင် စောင့်ကြည့်ပေးရခြင်း၊ ဘက်လိုက် မှုများရှိခဲ့သော် ထောက်ပြရခြင်း၊ တရားဝင် ကောင်စီထဲတွင် အရပ်ဘက် လူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်များပါဝင်ရာတွင် သင့်တော်သူများကို အဆိုပြု ရခြင်း၊ မီဒီယာကောင်စီအကြောင်းကို ပြည်သူများအားအသိပေးရာတွင် အောက် ခြေ အထိ သတင်းစကားပို့ဆောင် ရှင်းပြနိုင်သူများအဖြစ် ကူညီနိုင်ခြင်း တို့အားဖြင့် ပံ့ပိုးပေးနိုင်သည်။
တစ်ချိန်တည်းတွင် ဒီမိုကရက်တစ်လူ့ဘောင်တွင် အရပ်ဘက်လူ့အဖွဲ့အစည်း ၏ လုပ်ငန်းများထဲ၌ မီဒီယာဖွံ့ဖြိုးရေးမှာ ဒီမိုကရေစီ၏ အသက်သွေးကြော ဖြစ်သောကြောင့် လွတ်လပ်သော သတင်းမီဒီယာ ရေရှည် တည်တံ့ရေး၊ Media concentration ခေါ် မီဒီယာအချို့က လက်ဝါးကြီးအုပ်လွှမ်းမိုးထားသော စနစ် ကို ခုခံဆန့်ကျင်နိုင်ရေး၊ တစ်စုတစ်ဖွဲ့ကသာ မီဒီယာအသံကို လွှမ်းမိုးထားနိုင် ပြီး မိမိ၏ နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ် အရယူခြင်းအားဖြင့် ဒီမိုကရေစီ ကို ယိမ်းယိုင်စေသော အဖြစ် Hegemony အခြေအနေကို ကုစားရခြင်း များ တွင် တွေ့ရှိနိုင်ပေသည်။
ဥပမာ- နယ်သာလန်တွင် ရှိသော Free press unlimited သည်လည်းကောင်း၊ ယူကေ အခြေစိုက် Article 19 သည်လည်းကောင်း၊ ဂျာမနီမှ နိုင်ငံရေး ဖောင်ဒေး ရှင်းများသည်လည်းကောင်း ထိုကဲ့သို့လုပ်ငန်းများအတွက် ပေါ် ပေါက် လာကြသော အရပ်ဘက် လူ့အဖွဲ့အစည်းများဖြစ်ကြပြီး နိုင်ငံတကာမှ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် လက်တွဲပြီး မီဒီယာအရေး ဒီမိုကရေစီ စောင့်ရှောက် ရေး အစိတ်အပိုင်းအဖြစ် ဆောင်ရွက်ကြပါသည်။
၇။ မီဒီယာကောင်စီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ခဲ့သော် မည်သို့ဆက်လက် ဖြေရှင်းကြမည်နည်းကို ရှင်းလင်းစွာပြဌာန်းခြင်း ဇူလိုင်လ က အဆိုပြုခဲ့သော IPCM မီဒီယာကောင်စီမူကြမ်းတွင် ထိုအစိတ်အပိုင်းများနှင့် ပတ်သက်ပြီး ရှင်းလင်းဖြေဆိုထားခြင်းမရှိပေ။
ထို့ပြင် ဆုံးဖြတ်ချက်ကို မကျေနပ်ခဲ့သော် လက်ရှိနိုင်ငံရေး အနေအထားအရ မည့်သည့်ဥပဒေအရ ဆက်လက်ဖြေရှင်းနိုင်ကြမည်ကိုလည်း ရည်ညွှန်း ထား ခြင်း မရှိပေ။
၈။မီဒီယာတစ်ခု အဖွဲ့ဝင်ဖြစ်ချင်လာအောင် မည်သည့် မက်လုံး/ အကျိုးရလဒ် ကို ပေးနိုင်သနည်း ဟူသော မေးခွန်းကို ရှင်းလင်းစွာ ချပြနိုင်ခြင်း စေတနာ အလျောက် voluntary အဖွဲ့ဝင်အဖြစ်ပါဝင်ရမည့် ကောင်စီမျိုးတွင် အဖွဲ့ဝင် တိုင်း ရလာမည့် အကျိုးကျေးဇူးကိုလည်းကောင်း၊ ပြည်သူတို့ ရရှိနိုင်သည့် အကျိုးကျေးဇူးကိုလည်းကောင်း အကျယ်တဝင့်ဖော်ပြသင့်ပါသည်။
ဥပမာ- ယူကေ မီဒီယာကောင်စီ IPSO သည် ၂၄ နာရီ ဖွင့်ပြီး ဝန်ဆောင်မှု ပေးရသည့် လုပ်ငန်းများတွင် ဂျာနယ်လစ်တို့၏ လုံခြုံရေးနှင့်ကျင့်ဝတ်ဆိုင်ရာ အကြံဉာဏ် ပေးခြင်းများပါဝင်သလို တစ်စုံတစ်ဦးကို ဂျာနယ်လစ်က နှောင့် ယှက်နေပါက တိုင်ကြားနိုင်သည့် ဝန်ဆောင်မှုလိုင်းကို ဖွင့်ထားပေးသည်။
ပြစ်ဒဏ်သာ များပြီး မိမိတို့အတွက် အထောက်အကူရစရာ အကြောင်းမရှိဟု မီဒီယာအများစုက အထင်ရောက်လျှင် အဖွဲ့၏ သြဇာနှင့် ရပ်တည်မှု မေးခွန်း ထုတ်ခံရနိုင်သည်။
၉။ မီဒီယာကောင်စီ မထိရောက်နိုင်သော အခြေအနေများကို ပြုပြင်ခြင်း
========================================
• မီဒီယာကောင်စီ၏ ရပ်တည်ချက်မှာ မီဒီယာ ဒီမိုကရေစီကို ထိန်းသိမ်း ပေးရန်ဖြစ်ပြီး ဒီမိုကရေစီအသံစုံ စျေးခင်းဆိတ်သုဉ်းသွားနိုင်သည့် သတင်းခန်း ပြင်ပမှ လွှမ်းမိုးချုပ်ကိုင် လာခြင်းမျိုးကို ဟန့်တားပေးရန် ဖြစ်သည်။ အောက်ပါ အခြေအနေများတွင် မီဒီယာကောင်စီ၏လုပ်ငန်းများ ထိရောက်ရန် ခဲယဉ်းသည်။
• မီဒီယာကောင်စီ၊ မီဒီယာများနှင့် ပြည်သူများ၏ ပြောရေးဆိုခွင့်ကို ပိတ်ပင်သည့် အာဏာရှင်ဆန်သည့် ဥပဒေများရှိနေသောအခါ
လွန်ခဲ့သည့် ဆယ်နှစ်အတွင်းက မြန်မာနိုင်ငံသည် ဥပမာတစ်ခုဖြစ်သည်။ အခြား မီဒီယာနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်း၏ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ထားသည့် အခါမျိုးတွင် မီဒီယာကောင်စီ ရှိလာသော်လည်း ကောင်စီသည် ဂျာနယ်လစ်များကို ထိရောက်စွာ မကာကွယ်ပေးနိုင်ပေ။
ဥပဒေနှင့် တရားရုံးများက ကောင်စီ၏ လုပ်ပိုင်ခွင့်အောက်မှ အမှုများကို ဝင် ရောက် စွက်ဖက်ခြင်း မကြာခဏရှိခဲ့ရာကောင်စီသည် ထိရောက်သင့်သလောက် မထိရောက်ခဲ့ပေ။
• အစိုးရ ထောက်ပံ့ငွေကို လုံးလုံးမှီခိုရသောအခါ
ဤအခြေအနေတွင် မီဒီယာကောင်စီသည် မိမိ၏ လုပ်ငန်းများကို အကောင် အထည် မဖော်နိုင်တော့ဘဲ အာဏာရှင်၏ ဆင်ဆာစနစ်မောင်းတံ တစ်ခုသာ ဖြစ်လာနိုင်သည်။ အာဏာရှင်နိုင်ငံများမှ ကောင်စီများ ဖွဲ့စည်းသော ဒီဇိုင်းမှာ မီဒီယာကို ထိန်းချုပ်ရန် ပြဌာန်းထားသော ဥပဒေများအရ ဖွဲ့စည်းထားသည့် Statutory bodyများ ဖြစ်လေ့ရှိကြသည်။
ဥပမာ-မလေးရှားအစိုးရက အဆိုပြုနေသော မီဒီယာကောင်စီ၊ ကင်ညာနှင့် ဘင်္ဂလားဒေ့ရှ်၊ ဘင်္ဂလားဒေ့ရှ် ဂျာနယ်လစ်များသည် မိမိတို့ကောင်စီကို အိန္ဒိယ နှင့် နှိုင်းယှဉ်လျှင် ဤမလွတ်လပ်သော အခြေအနေ ကိုထောက်ပြ လေ့ရှိကြသည်။
မလေးရှားသည် ထိုမီဒီယာကောင်စီမျိုးကိုသုံးကာ မီဒီယာလွတ်လပ်ခွင့်ကို ချုပ်ခြယ်သော ဥပဒေမျိုးကို အစိုးရက မကြာခဏ ပြဌာန်းရန် ကြိုးစားသော ကြောင့် လွန်ခဲ့သော နှစ်လေးဆယ်အတွင်း မီဒီယာကောင်စီဖွဲ့စည်းရေးကို ဂျာနယ်လစ်များတောက်လျှောက်ဆန့်ကျင်ခဲ့ကြသည်။
မလေးရှား ဂျာနယ်လစ်များက ကြိုးစားခဲ့ကြသည်မှာ လွတ်လပ်သော ဂျာနယ် လစ်များအတွက် သမဂ္ဂ ရပ်တည်နိုင်ရေးဖြစ်သည်။
၁၀။ စစ်ကာလ အထူးအခြေအနေကို ထည့်သွင်းစဉ်းစားခြင်း
စစ်ကာလသည် အခြားကာလနှင့် မတူဘဲ သတင်းစားသုံးမှု လျင်မြန်စွာမြင့် တက်သည်။ ပင်လယ်ကွေ့ စစ်ပွဲကာလက အမေရိကန်တို့၏ သတင်းစာ ဖတ်ရှုမှု တက်ခဲ့ပြီး CNN ကို ကြည့်ရှုသူ ဆယ်ဆခုန်တက်ခဲ့သည်။ ရှေးမဆွ ကပင် အမေရိကန်ပြည်တွင်းစစ်ကာလတွင်လည်း တောင်ပိုင်းရော မြောက်ပိုင်း တွင်ပါ အိမ်တိုင်းတွင် စစ်နှင့်ပတ်သက်သူများ တစ်ဦးမဟုတ် တစ်ဦးရှိခြင်း ကြောင့် တိုက်ပွဲအခြေအနေကိုသိရန် သတင်းစာကို ခါတိုင်းထက် မှီခိုကြရသည် ဖြစ်ရာ သတင်းစာဖတ်ရှုသူ အရေအတွက် ပိုမိုများပြားလာသည်မှာ မဆန်းပေ။
စစ်သတင်း၏ သဘောမှာလည်း အခြားသတင်းထက် အမှားအယွင်း အချွတ်အချော် ပိုများတတ်သည့်သဘော ရှိသည်။ သို့ရာတွင် သတင်းကို ယုံကြည်ရခြင်း မယုံကြည်ရခြင်းထက် မတည်ငြိမ်မှုကြောင့် သတင်းစားသုံးမှု တဟုန်ထိုး တက်နိုင်သည်။ သို့ရာတွင် ကျင့်ဝတ်နှင့် မညီဟု စွပ်စွဲပြီး စည်းကမ်း ကြပ်မတ်ရန် မလွယ်ကူပေ။
တစ်ချိန်တည်းတွင် စစ်နှင့် ဆင်ဆာ၊ စစ်နှင့် ဝါဒဖြန့်ချိရေး (war and propaganda) မှာ အတူတွဲလာလေ့ရှိသည်။ အထူးသဖြင့် ကမ္ဘာပေါ်တွင်ရှိသော မီဒီယာကောင်စီအများစုသည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းနှစ်များ ၁၉၅၀ ကျော်နောက်ပိုင်းကာလတွင်မှ ပေါ်ပေါက် လာကြ ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဒုတိယကမ္ဘာ စစ်ကာလတွင် စစ်အတွင်းပါဝင်ခဲ့သော နိုင်ငံများစွာတွင် သတင်းစာ လွတ်လပ် ခွင့်ကို အစိုးရများက ပိတ်ပင်ပြီး ဝါဒဖြန့်ချိရေးကို အစိုးရဘတ်ဂျက်နှင့် နိုင်ငံတိုင်း အကြီးအကျယ် ပြုလုပ်ခဲ့ကြသည်။
သတင်းစာလွတ်လပ်ခွင့်ကို အားပေးသည်ဆိုသော အမေရိကန်သည် ၁၉၄၁မှ ၁၉၄၆ ကာလအတွင်း အစိုးရဆင်ဆာဌာန ဒါရိုက်တာကို စစ်အတွင်း ဆင်ဆာနှင့် ဝါဒဖြန့်ချိရေး လုပ်ငန်းများတွင် ပါဝင်ပေးသည့်အတွက် နိုင်ငံသားကောင်း ဆုတံဆိပ်ပင် ချီးမြှင့်ခဲ့သေးသည်။ ထိုစဉ်က စစ်အတွင်း ပါဝင်ခဲ့ကြသော နိုင်ငံအားလုံးနှင့် ကိုလိုနီစနစ်အောက်မှ လွတ်မြောက်ရန် ကြိုးစားနေသောနိုင် ငံများတွင် ဝါဒဖြန့်ချီရေးနှင့် ဆင်ဆာကို Necessary Evil အဖြစ် ယူဆခဲ့ကြသည်။
ဟစ်တလာနှင့် မူဆိုလီနီ၊ ဂျပန် စစ်ဗိုလ်ချုပ်ကြီးများကဲ့ သို့ အထက်မြက်ဆုံး ဝါဒဖြန့်ချီရေးယန္တရား တွင်တွင်သုံးနိုင်နေသူများအား တုံ့ပြန်ရန် နည်းလမ်းများ လိုအပ်လာသော ကြောင့်ပင်။ ကျင့်ဝတ်အရ တိကျပါသည်ဟု မတိုင်းတာနိုင်၊ သို့ရာတွင် လိုအပ်သဖြင့် လုပ်ခဲ့ကြရသည်။
ပြည်တွင်းစစ်ကာလတွင် အပြန်အလှန် ဝါဒဖြန့်ချီရေးအတွက် ပြိုင်ဆိုင်ကြသည့် ဖြစ်စဉ်ကို ကုစားနိုင်သည့်နည်းမှာ ပြည်သူ့ဘက်တော်သား မီဒီယာများအပေါ် တစုံတရာ ဆင်ဆာကျင့်သုံးခြင်း မဟုတ်ပေ။ ဤအခြေအနေမျိုးတွင် ယနေ့ခေတ် မီဒီယာကို ပံ့ပိုးကူညီမည့် အဖွဲ့အစည်းများအနေနှင့် ဆောင် ရွက်နိုင်သည်မှာ မီဒီယာပဒေသာစုံ Media pluralism ကို ပံ့ပိုးပေးရန် သာဖြစ်သည်။
သတင်းမီဒီယာသည် လွတ်လပ်သော စျေးခင်းဖြစ်အောင် ပြုထားလျှင် propaganda နှင့် သတင်းမှန်ကို ပြည်သူက အချိန်ကြာလာသည်နှင့် အမျှ ရိပ်မိလာမည်ပင်။ သို့ဖြစ်ရာ တပ်ကိုယ်စားလှယ်မဟုတ်သည့် လွတ်လပ်သည့် မည်သည့်မီဒီယာကိုမဆို ဆင်ဆာစနစ်အောက်တွင် အားနည်းအောင် လုပ်ရန် မလိုအပ်ပေ။
မြန်မာနိုင်ငံသည် အခြားနိုင်ငံများက စစ်ကာလတွင်သာကျင့်သုံးလေ့ရှိသော ဆင်ဆာနှင့် ဝါဒဖြန့်ချိရေး ကမ်ပန်းမျိုးကို နှစ်၆၀ ကြာ တွေ့မြင်ခဲ့ရသော နိုင်ငံ ဖြစ်သည်။ စစ်တပ်၏ အမြင်တွင် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ထဲ၌ အမြဲရှိ သည်။
သို့ဖြစ်ရာ စစ်အုပ်ချုပ်ရေးလက်အောက် မည်သည့် ဆယ်စုနှစ်တွင်မဆို ပြန်လည် သုံးသပ်ကြည့်လျှင် စစ်ကာလ ဆင်ဆာမျိုး၊ စစ်ကာလ ဝါဒဖြန့်ချီရေး လုပ်ငန်းမျိုးနှင့်သာ အကျင့်ပါနေရာ မြန်မာမီဒီယာအခင်းအကျင်းမှာ ယခုနွေဦးတော်လှန်ရေးကာလ မတိုင်မီကတည်းကပင် Power imbalance ခေါ် အားကြီးသော စစ်တပ်၏ မီဒီယာ အရင်းအမြစ်များက တစ်ဖက်၊ လှုပ်လီလှုပ်လဲ့ အခြေမခိုင်သော လွတ်လပ်သော မြန်မာမီဒီယာတို့က တစ်ဖက် အမှန်တရားအတွက် ပြိုင်ပွဲမှာ အားမမျှခဲ့ပေ။
ယခုနွေဦးတော်လှန်ရေး ကာလတွင်လည်း မြန်မာစစ်တပ်သည် အလားတူပင် ဝါဒဖြန့်ချီရေးကိုလည်းကောင်း၊ ဆင်ဆာကို လည်းကောင်း ကျင့်သုံးနိုင်ရန် အရင်းအမြစ်အများဆုံး အင်စတီကျူးရှင်းတစ်ရပ် ဖြစ်နေပေသေးသည်။ ထိုအချိန်တွင် စစ်တပ်၏ ဖိနှိပ်မှုအောက်တွင် အနိုင်နိုင် ရပ်တည်နေရသော မီဒီယာများစွာ သေဆုံးသွားကြပြီး ကျန်သော မီဒီယာများသည်လည်း ဆက်လက်ရှင်သန်ရန် ပံ့ပိုးမှုများစွာ လိုအပ်နေပေသည်။
သို့ဖြစ်ရာ လက်ရှိ power imbalance လုပ်ပိုင်ခွင့်အာဏာပါဝါ မညီမျှမှုကို ကုစားနိုင်ရန် လိုအပ်ပြီး ထိုပါဝါ မညီမျှမှုကို ပိုမို ဆိုးရွားလာနိုင်သည့် အခြေအနေမှန်သမျှကို ဖယ်ရှားကြရပါမည်။ ထို ပါဝါ မညီမျှမှုကို သတိမမူဘဲ ကျင့်ဝတ် ခေါင်းစဉ်အောက်မှ လက်ရှိရပ်တည်နေသော မီဒီယာများသည် အချင်းချင်း ပြိုင်ဆိုင်ပြီး မှေးမှိန်အောင်ပြုမိပါက ပြည်သူ့တော်လှန်ရေးဘက်မှ စဉ်းစားလျှင် ကိုယ့်အမြီး ကိုယ်ပြန်ကိုက်သည့်နှယ် ကိုယ့်ကိုယ်ကိုယ် အားနည်းအောင် ပြုမိသကဲ့သို့ Self-defeating strategy ဖြစ်လာနိုင်ပေသည်။
မီဒီယာကောင်စီသစ်သည် တော်လှန်ရေး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ယူဆခဲ့သည် ရှိသော် Complaint and dispute settlement mechanism တစ်ခု ဖြစ်တည်လာဖို့ထက် ကျော်လွန်စဉ်းစားရန် လိုအပ်သည့် အခြေအနေများ ရှိကောင်းရှိနိုင် ပါသည်။ ပုံမှန်မီဒီယာကောင်စီတစ်ရပ်တွင်ရှိသော ပင်ကို မူလ ရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီ တည်ဆောက်ရေးကာလတွင် မီဒီယာ ဒီမိုကရေစီရှိရေး၊ ပဒေသာစုံလူ့အဖွဲ့အစည်းကို ကိုယ်စားပြုသော မီဒီယာများရပ်တည်နိုင်ရေးအတွက် ပိုမိုအားစိုက်ပြီး စဉ်ဆက်မပြတ် အားထုတ်နေကြရမည်ဖြစ်ပြီး ပဋိပက္ခကာလဖြစ်ခြင်းကြောင့် “ DO No HARM” မူဝါဒကို ကိုင်စွဲကြရပါမည်။
ထို့ပြင် စည်းကြပ်ခြင်း၊ အရည်အသွေးမြှင့်တင်ခြင်းသည် မီဒီယာ ကောင်စီ၏ တာဝန်ဟု ခံယူထားသည့်အလျောက် တော်လှန်ရေး၏ ရန်သူဖြစ်သည့် မီဒီယာများ အသီးသီး ပေါ်ပေါက်နေရာ ယင်းမီဒီယာတို့၏ တင်ဆက်မှုများကို မပြတ်စောင့်ကြည့် သတိပေးနေသော တာဝန်ကို မီဒီယာ Trend ကို ပုံမှန်ထုတ်ပြန်ပေးမှုများ၊ ဖြစ်လာနိုင်သော အန္တရာယ်များကို လွတ်လပ်သော မီဒီယာကောင်စီ၏ လုပ်ငန်းအဖြစ် ထည့်သွင်းနိုင်ပါသည်။
မီဒီယာပုံစံသစ်များ ပေါ်ပေါက်လာချိန်တိုင်းတွင် မီဒီယာ regulations စည်းကမ်း ထိန်းသိမ်းပုံများတွင် အပြောင်းအလဲ ရှိမြဲဖြစ်သည်။ digital mediaကိုစည်းကမ်းထိန်းသိမ်းရန် နည်းလမ်းများသည် ပုံနှိပ်မီဒီယာခေတ်က လုပ်ထုံးလုပ်နည်းများနှင့် ထပ်တူဖြစ်နိုင်မည် မဟုတ်ပါ။ ဂိမ်းအသစ်ကို ကစားနည်းအဟောင်းဖြင့် မကစားနိုင်ပါ။ ဥပမာ- ဒီဂျစ်တယ် မီဒီယာ၏ တစ်လမ်းသွားမဟုတ်ဘဲ စာဖတ်သူများကိုယ်တိုင် သတင်းများအောက် ဝင်ရောက်ဖန်တီးရေးသားနိုင်သောပုံစံရှိသည်။
ဤတွင် နောက်ဆက်တွဲဖြစ်လာနိုင်သည်များကို မီဒီယာက တာဝန်ခံရန် မည်မျှ အတိုင်းအတာထိ တာဝန်ရှိပါသနည်း။ နာမည်ခံပြီး ထုတ်ဝေနေသော မီဒီယာများကို အပြစ်ပေး တာဝန်ခံခိုင်းသော အချိန်တွင် တယ်လီဂရမ် ကဲ့သို့သော သတင်းဌာနများကို မည်ကဲ့သို့ ဝာာဝန်ခံခိုင်းကြမည်နည်း။ နာမည်တပ်နိုင်သော မီဒီယာကို အပြစ်ပေးကောင်းပေးနေချိန်တွင် click များစွာ ရရှိနေသော ဝင်ငွေကြမ်းသည့် နာမည်မခံ၊ တာဝန်လည်း မခံသော မီဒီယာများသည်လည်း မီဒီယာကောင်စီသစ်၏ စောင့်ကြည့်မှုအောက်တွင် မည်သို့ ထားရှိကြမည်နည်း။
မီဒီယာကောင်စီ၏ လုပ်ငန်းကို မီဒီယာသစ်ကို စောင့်ကြည့်နိုင်ရန် မည်မျှထိ ချဲ့ထွင်သင့်သနည်း ဟူသည့် ပြဿနာကို ရင်ဆိုင်နေရသည်မှာ မီဒီယာကောင်စီရှိသော နိုင်ငံတိုင်းတွင်ဖြစ်သည်။ အထူးသဖြင့် မည်သို့ စီမံသင့်သည်ကို သုတေသနများ ဥရောပတွင် ချဲ့ထွင်လာကြသည်။ ထိုနမူနာများကို ကျယ်ပြန့်စွာ မြန်မာမီဒီယာ သမားများအနေနှင့် သိရှိရန်လိုအပ်နေပါသည်။ အခြားတစ်ဖက်တွင်လည်း မီဒီယာသမား များ၏ အခန်းကဏ္ဍသည် မူဝါဒရေးရာချမှတ်သူ၏ နေရာကို အလိုအလျောက် မရောက်နိုင်ကြောင်း၊ မီဒီယာကို ထိန်းကွပ်ရန် သြဇာ အာဏာစက်ကို သုံးခြင်းမှာ သမိုင်းအစဉ်အဆက် မထိရောက် ခဲ့ကြောင်းကိုလည်း သတိချပ်ရပေမည်။
အနှစ်ချုပ် နိဂုံး
=============
ယခုကာလတွင် မီဒီယာ အမျိုးအစား စုံလင်အောင်၊ ရေးသားတင်ဆက်ပုံ အမျိုးအစားစုံလင်စွာ တည်ရှိနိုင်ရေးကို ကူညီပေးခြင်း၊ ဂျာနယ်လစ်များ ရပ်တည်နိုင်ရေးကို ကူညီပေးခြင်း၊ မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ပေးခြင်း အထူးတလည် လိုအပ်နေသည်။ ဂျာနယ်လစ်များလုံခြုံရေး၊ ရေရှည်ရပ်တည်နိုင်ရေး၊ လုပ်ငန်းကို ကာကွယ်ပေးနိုင်ရေးမှာ မီဒီယာထောက်ကူရေး အဖွဲ့အစည်းများက လုပ်နိုင်သော အလုပ်ဖြစ်ပါသည်။
ပဋိပက္ခကာလ အပါအဝင် မည်သည့်အချိန်ကာတွင် မဆို ပြည်သူက အမှန် တရား ကို ရှာဖွေရာတွင် မီဒီယာက အဖော်မွန်များ ရှိနေရမည်ဖြစ်ပြီး မီဒီယာ သည် ပြည်သူတို့ ဆင်ခြင်သုံးသပ်နိုင်မှုအတွက် အထောက်အကူဖြစ်စေ မည့် အချက် အလက်များကို ပံ့ပိုးပေးသူများ ဖြစ်ပေသည်။ အမြင်စုံ အလွှာစုံကို ကိုယ်စားပြုသော မီဒီယာများ ပဒေသာစုံတည်ရှိနေရန် အထူးသဖြင့် တော်လှန်ရေး ကာလတွင် အရေးကြီးသည်။
ဓာတ်ပုံ- ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တွင် ဖမ်းဆီးခံသတင်းထောက်များ ပြန်လည် လွတ်မြောက်ရေး လှုပ်ရှားမှု။