24 C
Yangon

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားဖုံးရောင် မူးဝေ အော့အန်မှု စစ်ကောင်စီက ပြင်ပ ဆရာဝန်ဖြင့် ဆေးကုသခွင့်မပေးဘဲ ပိတ်ပင်ထား

Must read

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားဖုံးရောင် မူးဝေ အော့အန်မှု စစ်ကောင်စီက ပြင်ပ ဆရာဝန်ဖြင့် ဆေးကုသခွင့်မပေးဘဲ ပိတ်ပင်ထား

ရန်ကုန်၊ စက်တင်ဘာ ၅

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားဖုံးရောင်ပြီး မူးဝေ အော့အန်မှု ဖြစ်ပွားခဲ့ကာ စစ်ကောင်စီက ပြင်ပ ဆရာဝန်ဖြင့် ဆေးကုသခွင့်မပေးဘဲ ပိတ်ပင်ခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ သတင်းဖော်ပြချက်နှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ သတင်းရင်းမြစ်တချို့၏ပြောဆိုချက်အရ သိရှိရသည်။

အကြမ်းဖက် စစ်အုပ်စု က မတရားဖမ်းဆီးထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မူးဝေ အော့အန်နေသဖြင့် အကျဉ်းဦးစီးဌာနမှ ဆေးမှူးချုပ် ဒေါက်တာသန့်ဇော်က သွားရောက် ကြည့်ရှုကြောင်း၊ ယင်းနောက် သွားဖုံးရောင်နေသဖြင့် ဆေး ၉ မျိုးပေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် သွားဖုံးရောင် အစားမအစားနိုင်ဘဲ မူးဝေ အော့အန်နေကြောင်း၊ သက်ဆိုင်ရာ အကျဉ်းဦးစီးဌာနက ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပ သမားတော်ဖြင့် ပြသရန် စစ်ကောင်စီကို တင်ပြ အစီရင်ခံသော်လည်း စစ်ကောင်စီက ဆေးကုသခွင့် မပေးဘဲ ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လုံခြုံရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အစိုးရကို ဖိအားပေးသင့်တယ်” ဟု အမျိုးသားညီညွတ်ရေး အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ရိုက်တာသတင်းဌာနသို့ ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို ခြွင်းချက်မရှိ လွှတ်ပေးရန် တရားဝင် ပြောဆိုထုတ်ပြန်ထားသော်လည်း အကြမ်းဖက်စစ်ကောင်စီက လိုက်နာခြင်းမရှိဘဲ ဖမ်းဆီးသတ်ဖြတ်မှုများနှင့် အကြမ်းဖက်မှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article