30 C
Yangon

ပုလဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်၊ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ပုလဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်၊ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ဇောင်ချမ်းကုန်းရွာကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၁၁ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၃၀ မိနစ်အချိန် စစ်ကြောင်းထိုး လာပြီး ကျွန်းဖိုကုန်းရွာနှင့် နွယ်ရှောက်ရွာအကြားတွင် တော်လှန်ရေး အဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက် သေဆုံး မှုများခဲ့၍ Mi 35 တစ်စီး အသုံးပြု၍ ၁ နာရီ မိနစ် ၂၀ ခန့်ကြာသည်အထိ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များမှာမူ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးမှုများကြောင့် ကျေးရွာ ၁၂ ရွာခန့်မှ ပြည်သူများ စစ်ဘေးရှောင်နေကြရပြီး နေရပ်စွန့်ခွာလာကြသော စစ်ဘေး ရှောင်များအတွက် လက်ခံထားရှိကြသောသက်ဆိုင်ရာကျေးရွာများရှိ ပအဖ၊ပကဖများက ဦးဆောင်ပြီး နားခိုစရာနေရာများ အစားအသောက်များ စီစဉ်ပေး ခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

“အခုထက်ထိ စစ်ဘေးရှောင် ပြည်သူတွေ ပြေးနေရတုန်းပါပဲ။ စစ်ကြောင်း တွေ က ရွာတွေကို လှည့်ပတ်နေတော့ ပြည်သူတွေက ရွာတွေထဲလည်း ပြန်မဝင်နိုင်သေးဘူး။ မိုးတွင်းကာလမှာ ပြည်သူတွေ အရမ်းဒုက္ခရောက်ပါတယ်။ စားဝတ်နေ ရေးလည်း ခက်သလို ဖျားနာတွေလည်း ရှိနေတယ်။ ပြည်သူ တွေကို တတ်နိုင် သမျှ ကူညီစေချင်ပါတယ်” ဟု စစ်ဘေးရှောင် ပြည်သူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ဆက်သွယ် ပြောဆိုသည်။

ဓာတ်ပုံ- စစ်ဘေးရှောင်နေရသည့် ပြည်သူများ။

Photo Credit- ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article