27 C
Yangon

မန္တလေးမြို့ပေါ်ရှိ ပြည်တွင်းအခွန်ရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်၊ မန္တလေးရှိ စစ်တပ် အထိုင်ချတပ်စွဲထားသော နေရာများကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

မန္တလေးမြို့ပေါ်ရှိ ပြည်တွင်းအခွန်ရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်၊ မန္တလေးရှိ စစ်တပ် အထိုင်ချတပ်စွဲထားသော နေရာများကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၂

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ လမ်း ၆၀ နှင့် ၁၀၂ လမ်းထောင့်ရှိ ပြည်တွင်းအခွန်ရုံး(ကုန်းလမ်း ပို့ဆောင်ရေး)ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၁ ရက် ညနေ ၃ နာရီ ဝန်းကျင်ခန့်က ပြည်သူလူထုပိုင် ကား၊ ဆိုင်ကယ် လိုင်စင်များကို စက်တင်ဘာလ ၁၃ ရက်နေ့မှစ၍ အခွန် ၃ ဆ တိုးကောက်မည်ဟု ကြေညာထားသော ပြည်တွင်းအခွန်ရုံး(ကုန်းလမ်းပို့ဆောင်ရေး) ရုံးကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၎င်းရုံးအ တွင်းမှ လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“လက်နက်နဲ့အစောင့် စစ်သား ၂ ယောက်လောက်တော့ရှိမယ်၊ လက်နက်အရှည်နဲ့ တစ်ယောက်က တစ် ချက်ပြန်ပစ်တယ်၊ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ၊ ရဲဘော်တွေ အထိအခိုက်မရှိပါဘူး၊ ခြံဝန်းက ကျယ် တော့ လူအထိအခိုက်မရှိနိုင်ဘူး၊ သတင်းကလည်းဖုံးထားတော့ ထိခိုက်ပျက်စီးမှုက မသိရဘူး၊” ဟု No More Dictatorship People Defence Force – NMD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုပိုင် တိုင်းပြည်အာဏာကို မတရားသိမ်းပြီးချိန်မှစ၍ ယခု ချိန်ထိ ပြည်သူများအား အမျိုးမျိုး ညှင်းပန်း နှိပ်စက်၍ ဒုက္ခပေးခြင်း၊ ပြည်သူများ၏အိုးအိမ်များ သိမ်း ဆည်းခြင်း၊ ဖျက်ဆီးခြင်းများအပြင် အခွန်ဆိုင်ရာ ဘဏ္ဏာများတိုးမြှင့်ကောက်ခံပြီး မျိုးစုံဒုက္ခ ပေးလျက် ရှိသဖြင့် အကြမ်းဖက်စစ်ကောင်စီထောက်တိုင် အခွန်ရုံးကို တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

No More Dictatorship People Defence Force အဖွဲ့အနေဖြင့် ပြည်သူများ၏ ကိုယ်စား အကြမ်းဖက် အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ခိုက်လျက်ရှိပြီး ထိရောက်မှုများ အားနည်းခဲ့လျှင် သို့မဟုတ် လုပ် ဆောင်ချက်များအပေါ် အားမရခဲ့လျှင် အဖွဲ့၏ အခက်ခဲများကို နားလည် သည်းခံပေးကြရန် အနူးညွတ် မေတ္တာရပ်ခံထားသည်။

အလားတူ မန္တလေးမြို့ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချတပ်စွဲထားသော နေရာများကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Mandalay People Rescue (MPR) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၃ ရက်နေ့မှ စက်တင်ဘာလ အထိ မန္တလေးမြို့နယ်၌ အကြမ်းဖက် စစ်တပ် အထိုင်ချတပ်စွဲထားသော နေရာများကို UG တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများ ပြုလုပ်စဥ် အတွင်း MPR နှင့်မဟာမိတ် တပ်ဖွဲ့များဘက်မှ ရဲဘော် ၃ ဦး ဖမ်းဆီး ခံရပြီး ကျန်ရှိနေသော ရဲဘော်များသည် မန္တလေးမြို့ကို စွန့်ခွာ ကာ တစ်လတာ မစ်ရှင်ကို ရပ်နားခဲ့ရကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article