28 C
Yangon

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန်းမင်းစိုး နှင့် ဇနီးတို့ ရွာအပြန်ခရီးတွင် တိုက်ခိုက်ခံရပြီး သေဆုံး

Must read

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန်းမင်းစိုး နှင့် ဇနီးတို့ ရွာအပြန်ခရီးတွင် တိုက်ခိုက်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၄

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန်းမင်းစိုးနှင့် ဇနီးဖြစ်သူ ဒေါ်သူဇာထွန်းတို့ တိုက်ခိုက်ခံရပြီး သေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲကြေးနန်းအရ သိရှိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် လေကြောင်းရဲတပ်ဖွဲ့၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တာဝန်ကျ ဒုရဲအုပ် သန်းမင်းစိုးသည် ဇနီးဖြစ်သူ ဒေါ်သူဇာထွန်း၊ ၃၅ နှစ်၊ အသက် ၉ နှစ်အရွယ် သမီး၊ အသက် ၂ နှစ်အရွယ် သားဖြစ်သူ တို့ကို ခေါ်ဆောင်၍ Honda Fit ခဲရောင်မော်တော်ယာဉ်ဖြင့် စစ်ကိုင်းမြို့၏အနောက်ဘက် ၇ မိုင်ခန့် အကွာ၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ၊ ရွှေဘုံသာဘုန်းကြီးကျောင်းအနီးသို့ ခရီးသွားရောက်ရှိခဲ့ကြောင်း၊ အဆိုပါရွာတွင် ဇနီးဖြစ်သူ ဒေါ်သူဇာထွန်း၏ မိခင် နေထိုင်၍ လာရောက်ကန်တော့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် တာဝန်ကျရာ လေဆိပ်သို့ ပြန်ရန် ကားရပ် ထားခဲ့သည့် ရွှေဘုံသာဘုန်းကြီးကျောင်းအနီးသို့ ရောက်ရှိစဉ် လူ ၈ ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒုရဲအုပ် သန်းမင်းစိုး တွင် နဖူးနှင့် ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း၊ အလားတူ သားဖြစ်သူ တင်ပါး ကျည်ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့နောက် လူ ၈ ဦးက ဒုရဲအုပ် သန်းမင်းစိုး၏ ဇနီးဖြစ်သူ ဒေါ်သူဇာထွန်းကို ကျေးရွာ အနောက်ပိုင်းသို့ခေါ်ဆောင်သွားပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ငယ်ထိပ်ကျည် ဖောက်ဝင်ဒဏ်ရာဖြင့်သေဆုံးသွားခဲ့ကာ အလောင်းအား ဒုရဲအုပ် သန်းမင်းစိုး၏အလောင်းအနီးသို့ ပြန်လည် သယ်ဆောင်ထားရှိခဲ့ကြောင်း၊ သိရှိရသည်။

ယင်းနောက် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် သေဆုံး သူ ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၁ ဦး တို့ကို တွေ့ရှိရ၍ ဆေးရုံတင်ပို့ရာ စစ်ကိုင်းမြို့ နယ်ဆေးရုံ ကြီးသို့ရောက်ရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ကလေးငယ်အား ဆေးကုသ ပေးလျက်ရှိ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article