28 C
Yangon

သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး

Must read

သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် သထုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ပိန္နဲတောတပ်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပိန္နဲတောအလယ်ရွာ ကုလားတန်းအတွင်း လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မောင်ဇော်ဖြိုးဦး ညာဘက်ဒူး ထိခိုက် ဒဏ်ရာရရှိခဲ့​ကြောင်းသိရသည်။

ထို့ပြင် ပိန္နဲတောတပ်စခန်းက လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ ဝမ်းဘဲအင်းကျေးရွာအတွင်း ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၈ နှစ်အရွယ် နော်ခိုင်ခိုင်၏ ခြေသလုံး ထိမှန်ကာ အရိုးကျိုးခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့​ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်ကလည်း ပိန္နဲတောတပ်ခန်းမှ လက်နက်ကြီး ၆ လုံး ထပ်မံ ပစ်ခတ်ခဲ့ပြီး ကျုံမိန်ရွာ အနီးနားကျရောက် ပေါက်ကွဲခဲ့ကာ ကျေးရွာနေ ပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article