အုတ်ဖိုတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၆
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၂၆ မိနစ်တွင် အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးရန် တက်လာသည့် အင်အား ၄၃ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကန့်နီရွာနှင့် တာဝါတိုင်ရွာ အကြား၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ ပဒေသာ မိုင်း ၄ လုံးတွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေ သေဆုံးပြီး မျက်မြင် အတည်ပြုနိုင်ခဲ့ကြောင်း၊ ကျန် စစ်သားများလည်း ကြောက်လန့်ပြီး အနီးဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ကာ တော်လှန်ရေး ရဲဘော်များက ထပ်မံ ပိတ်ဆို့ ပစ်ခတ်ခဲ့သောကြောင့် သေဆုံးသွားသော စစ်သား အလောင်းမျာကို သယ်ယူ၍ တပ်ဆုတ်သွားကြောင်း သိရှိရသည်။
” စစ်ခွေးအုပ်က မိုင်းကွင်းတည့်တည့်မှာ ရှိတုန်းခွဲတာ စစ်ခွေး ၂ ကောင် လေပေါ်တက်သွားပြီး ပြန်ကျတာ ပြန်မထနိုင်ဘူး ခြေထောက်တွေ ပြတ်ကုန်တယ် အဲ ၂ ကောင်သေတယ်။ ရဲဘော်တွေ မျက်မြင်တွေ့ခဲ့တာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။