32 C
Yangon

မိုးကောင်းမြို့နယ်၊ ရေရှင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

Must read

မိုးကောင်းမြို့နယ်၊ ရေရှင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၅

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ရေရှင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး လှထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့ ည ၇ နာရီခန့်တွင် ရွာသစ်ရွာရှိ ၎င်းနေထိုင်သည့် နေအိမ်ရှေ့၌ အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ရာ ကျည် ၃ ချက် ထိမှန်ပြီး ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း သိရသည်။

“အိမ်ရှေ့မှာ သေနတ် ဒဏ်ရာနဲ့ မှောက်ကျနေပြီး မကြာဘူး သူ့သားက အိမ်ထဲက ထွက်လာပြီး ကားပေါ်တင်မိုးကောင်းပြည် သူ့ဆေးရုံးကို ပို့ဆောင်စဉ် လမ်းမှာပဲ သေသွား​တယ်လို့ သိရတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

ရေရှင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လှထွန်း ပစ်ခတ်ခံရသော နေရာသည် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် အလွန်နီးကပ်ပြီး မည်သည့် အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကို မသိရသေးကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article