34 C
Yangon

ပုလဲမြို့နယ်အတွင်း စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူ ၂၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ပုလဲမြို့နယ်အတွင်း စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူ ၂၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

■ စစ်​ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်နေပြီး စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူ ၂၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာ၌ ညအိပ် တပ်စွဲခဲ့သည့် အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းနှင့် ကား ၁၈ စီးပါ ယာဉ်တန်းသည် ပုလဲမြို့နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းနှင့် ယာဥ်တန်းသည် ၎င်းတို့ ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ၍ ကားပေါ်တင်ကာ လမ်းတွင်တွေ့သည့် ပြည်သူများကိုလည်း ဖမ်းဆီးနှိပ်စက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ လုယက်ခြင်း၊ ပြည်သူများကို ဖမ်းဆီး နှိပ်စက်ခြင်းများကြောင့် ဒေသ ပြည်သူ ၂၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယာဥ်တန်းသွားရာ လမ်းတစ်လျှောက်တွင်လည်း ဒေသ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article