27 C
Yangon

နွားထိုးကြီးတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ရေစကြို ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

Must read

နွားထိုးကြီးတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ရေစကြို ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-မြင်းခြံလမ်းပိုင်းတွင် အကြမ်းဖက် စစ်သားများ လိုက်ပါ လာသော 4 Wheel ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၅ ရက် ည ၈ နာရီခန့်အချိန် နွားထိုးကြီးမြို့မှ မြင်းခြံမြို့ကို မောင်းနှင်လာသော အကြမ်းဖက် စစ်သား အင်အား ၃၀ ခန့်လိုက်ပါလာသည့် 4 Wheel ကား ၂ စီးကို ကံရွာ အနောက်ဘက်လမ်း အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးပြီး သေနတ်များ ရမ်းသမ်းပစ်ခတ်ကာ မြင်းခြံမြို့ကို ဆက်လက်မောင်းနှင်သွားကြောင်း သိရသည်။

“ကား ၂ စီး အစိတ် ၃၀ လောက်တော့ပါမယ်ဗျ၊ အဲဒါကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါဗျ၊ ၂ ယောက်သေဆုံး သွားပါတယ်၊ အဲဒါက ဖရဲသီးသတင်းပေးချက်အရ အတည်ပြုနိုင်တာပါ၊ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) ၊ MDY PDF နှင့် Natogyi Regional Defence Force ညီနောင်မဟာ မိတ်တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့ရှိ စစ်သားဟောင်းရုံးနှင့် ညောင်ပင်ဆိပ်ကမ်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ ရာ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးပြီး ပျူစောထီးခေါင်းဆောင်မြင့်ခိုင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Myingyan District Drone Strike Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ပြောကြားသည်။

အောက်တိုဘာလ ၁၄ ရက်နေ့က ရေစကြိုမြို့၊ ကမ်းနားလမ်းရှိ စစ်သားဟောင်းရုံးနှင့် ရေလယ်ကျွန်း ဒေသကိုစစ်ကြောင်း ထောက်ပို့ပေးနေသော ညောင်ပင်ဆိပ်ကမ်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ Myingyan District Drone Strike က ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ဦး နေရာမှာပင် ပွဲချင်း ပြီး သေဆုံးကာ ရေစကြိုမြို့မှ ပျူစောထီးခေါင်းဆောင် မြင့်ခိုင်ပေါင်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် ယမန်နှစ် မိုင်းဆွဲခံထားရသော စစ်ကား ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article