29.8 C
Yangon

ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားမှ စုန်ဆင်းလာသော စစ်တပ်သင်္ဘောအုပ်စုကို တိုက်ခိုက်

Must read

ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားမှ စုန်ဆင်းလာသော စစ်တပ်သင်္ဘောအုပ်စုကို တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၃

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားမှ စုန်ဆင်းလာသော စစ်တပ်သစ်သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Black Wolf PDF – MDY တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၄၀ ခန့်က သစ်များတင်ဆောင်ပြီး ရေစကြိုမြို့ နယ်၊ ဆင်ဖြူရှင်တံတားမှချင်းတွင်းမြစ်ရိုးအတိုင်း စုန်ဆင်းလာသော အကြမ်းဖက် သင်္ဘောများကို လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့်အ ကြာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ဖြစ်ခဲ့ပြီး နောက်ဆုံးအစီးကို ထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့ကာ သေဆုံးပျက်စီးမှုကို စုံစမ်းနေဆဲ ဖြစ် ကြောင်း သိရသည်။

“ဆင်ဖြူရှင်တံတားမှာ နားပြီး ချင်းတွင်းမြစ်အကြောင်းအတိုင်း စုန်လာတဲ့အချိန်မှာဖြစ်တာပါ၊ ၇ စီးမှာ နောက်ဆုံးအစီးကို တိုက်ခိုက်ခဲ့တာဗျ၊ ရေစကြိုမြို့နယ်ထဲမှာပဲ၊ စက်မောင်းခန်းကို ထိထိမိမိ ပစ်ခတ် နိုင် ခဲ့ပါတယ်၊ ထိခိုက်သေဆုံးမှုကတော့ ကျနော်တို့ စုံစမ်းနေဆဲပါ”ဟု Black Wolf PDF – MDY တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Black Wolf PDF-MDY မန္တလေးခရိုင်တပ်ရင်း- ၃ ၊ တပ်ခွဲ ၃ ၊ People’s Security Force ( ရေစကြိုမြိုနယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့) ၊ ဒေါင်းညီနောင် မန္တလေးခရိုင် တပ်ရင်း ၃ တပ်ခွဲ ၃ ၊ 8Stars ( မြင်းခြံ ပျောက်ကြားတပ်ဖွဲ့) ၊ မန္တလေးခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ စစ်သင်္ဘောတစ်စီးကို မြင်တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article