29 C
Yangon

ယင်းမာပင်မြို့နယ်၊ ရေအောက်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးဟုဆို

Must read

ယင်းမာပင်မြို့နယ်၊ ရေအောက်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရေအောက်ကျေးရွာအနီးတိုက်ပွဲတွင် အကြမ်း ဖက်စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး – ULF မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများ၏ ပူးပေါင်းစစ်ကြောင်းကို ယင်းမာပင်မြို့နယ်၊ ရေအောက်ကျေးရွာအနီး အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မီတာ ၅၀ အကွာအဝေးမှ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ ၂ နာရီကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးကာ စစ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“လက်ရှိတော့ ရင်ပေါင်တိုင်ကနေ အနောက်ဘက်ကို ထွက်နေတယ်ဗျ၊ ပုလဲက ပျူစောထီးတွေပါတော့ ပုလဲကို လာရာလမ်းအတိုင်း ပြန်မယ်ထင်တယ်၊ ဇီးဖြူကုန်းရွာက ပျူစောထီးတွေပါတာ၊ တိုက်ပွဲတုန်းက သေဆုံးဒဏ်ရာ ရတဲ့ စစ်ခွေးတွေကို ယင်းမာပင်မြို့ကို ပို့တယ်၊ ထွက်လာတုန်းကဆိုရင် အဓိက စစ်ကြောင်းက အင်အား ၁၈၀ လောက်နဲ့ထွက်တာ၊ ရှေ့ကင်းနောက်ကင်းပါပေါင်းရင် ၂၀၀ ကျော်လောက်ရှိတယ်၊ အခုလက်ရှိပြန် တဲ့အချိန်မှာ ၂၀၀ အောက်ရောက်သွားပြီ” ဟု ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး – ULF မှ တာဝန်ရှိ သူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး – ULF(တပ်ပေါင်းစု)က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး လက်မောင်း ရှပ်ထိဒဏ်ရာရရှိခဲ့ကာ မစ်ရှင်ကို အောင်မြင် စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article