Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက် မင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့ အင်းလေး ဖောင်တော်ဦးဘုရားပွဲမှာ စည်တော် တီးရာကနေ စည်ပေါက်ထွက်သွားတဲ့အတွက် “ထီးကျိုး စည်ပေါက် ထီးနန်းပျောက်” တဘောင်အရ တိုင်းပြည်ဟာ ပိုပြီး ပျက်စီးမယ့် နမိတ်လက္ခဏာဖြစ်တယ်လို့ ရန်ကုန်မြို့နေ ဗေဒင်နက္ခတ် ဆရာ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ မှော်ဘီလေတပ်ကို မနေ့က ည ပိုင်းမှာ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်တွေ ထားရှိတဲ့ အဆောက်အအုံ ဟန်ဂါ ထိမှန်ခဲ့တယ်လို့ စစ်တပ် သတင်းရင်းမြစ်က ပြောပါတယ်။
– မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းကို ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ လမ်းတစ်လျှောက် မိုင်းဆွဲ တိုက်ခိုက်မှုတွေ အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား စုစုပေါင်း ၁၆ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။