22 C
Yangon

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီဖြစ်သော ဟမွန်း ဆိုင်ကလုန်းမုန်တိုင်း အရှိန် ကြောင့် မြန်မာနို်ငံတစ်ဝန်း မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်

Must read

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီဖြစ်သော ဟမွန်း ဆိုင်ကလုန်းမုန်တိုင်း အရှိန် ကြောင့် မြန်မာနို်ငံတစ်ဝန်း မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်

ရန်ကုန်၊ အောက်တိုဘာ ၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့(Chittagong) တောင်ဘက်အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဟမွန်း” (HAMOON)သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပြီး အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဥိးစီးဌာနက ယနေ့ သတိပေးသည်။

ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”(HAMOON)၏ အရှိန်ကြောင့် အောက်တိုဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၂၆ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်း ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် နေပြည် တော်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း သတိပေးထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက် လေပြင်းကျစဉ် ရေပြင်၊ မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ကြောင်း သတိပေးချက်က ဆိုသည်။

ထို့အတူ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)၏ အရှိန်ကြောင့် လေ ပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ် ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်၊ ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ- ယမန်နေ့ ရန်ကုန်တွင် မိုးသည်းထန်မှုကြောင့် ရေကြီးမှု မြင်ကွင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article