22 C
Yangon

ဒီပဲယင်းမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး အရေးပေါ် ဆေးဝါးနှင့် ရိက္ခာများ လိုအပ်နေ၊ သောင်းနှင့်ချီသော ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရ

Must read

ဒီပဲယင်းမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး အရေးပေါ် ဆေးဝါးနှင့် ရိက္ခာများ လိုအပ်နေ၊ သောင်းနှင့်ချီသော ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး အရေးပေါ် ဆေးဝါးနှင့် ရိက္ခာများ လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ကာ ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် သောင်းနှင့် ချီသော ပြည်သူများ မိုးရေထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင် ပြည်သူများလည်း ရာသီတုပ်ကွေး ရောဂါများဖြစ်ပွားနေကာ အရေးပေါ် ဆေးဝါးနှင့် ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

” ဆေးဝါးတွေ လိုအပ်နေတယ်။ စစ်ဘေးရှောင် ပြည်သူတွေ ရာသီတုပ်ကွေးတွေ ဖြစ်ပွားနေကြ‌တယ်။ မိုးကလည်း နှစ်ရက်ရှိပြီ ရွာတာ စစ်ဘေးရှောင် အရေး ကူညီပေးနေတဲ့ သူတွေလည်း တုပ်ကွေးမိနေတယ်” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ အထိ ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၃ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ရှောင်ဌာန ၁၁ ခု ဖွင့်လှစ်ကာ ကူညီစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

စစ်ဘေးရှောင် ပြည်သူများ ရောက်ရှိလာသည်မှာ ၈ ရက်ကြာမြင့်ပြီဖြစ်ပြီး စစ်ရှောင်ပြည်သူများ ချက်ပြုတ်ကျွေးမွေးရာ ဌာနများမှာလည်း စားနပ်ရိက္ခာ အခက်အခဲရှိလာကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article