ယင်းမာပင်မြို့နယ်တွင် သပိတ် စစ်ကြောင်းများ ပူးပေါင်းကာ စစ်အာဏာရှင် တော်လှန်ရေး ဆီမီးသပိတ် ပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၂၉
ယင်းမာပင်မြို့နယ်တွင် သပိတ် စစ်ကြောင်းများ ပူးပေါင်းကာ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ဆီမီးသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆီမီး သပိတ်ကို ယင်းမာပင်-ဆားလင်းကြီး သပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည် ရွှေရေကြည် ၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီ ၊ လူငယ် အားမာန် သပိတ် စစ်ကြောင်းတို့ ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

