35 C
Yangon

မုံရွာ-အမြင့်လမ်းပိုင်းရှိ ညောင်ပင်သာရပ်ကွက်တွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြား

Must read

မုံရွာ-အမြင့်လမ်းပိုင်းရှိ ညောင်ပင်သာရပ်ကွက်တွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြား

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ မုံရွာ-အမြင့်လမ်းပိုင်းရှိ ညောင်ပင်သာရပ်ကွက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာ-အမြင့် လမ်းပိုင်းရှိ ညောင်ပင်သာ ရပ်ကွက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force ) တပ်ရင်း ၄ ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) မှ ဦးဆောင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ဘန်ကာကို တော်လှန်ရေး တပ်ဖွဲ့များက RPG ဖြင့် စတင် ပစ်ခတ်ခဲ့သောကြောင့် ဘန်ကာပြိုကျသွားပြီး လက်နက်ငယ်များ လက်နက်ကြီးများဖြင့် တရစပ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ခိုက်မှုအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှု များပြားသောကြောင့် မအူဂိတ်မှ သံပြားကာ ကား ၃ စီးဖြင့် စစ်ကူ ရောက်ရှိလာသောကြောင့် စခန်းမသိမ်းနိုင်ဘဲ ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ တပ်ခွဲများ နှင့် (Chindwin Attack Force- မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်) တပ်ရင်း (၄) ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) တို့ မှ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် အရေးပေါ် လက်နက်ခဲယမ်း များစွာ လိုအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄) ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force ) တပ်ခွဲ (၁) Spring Dove PDF ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ခွဲ (၃) Monywa Nightking PDF) ၊ မုံရွာခရိုင်တပ်ရင်း (၁၃)၊ Monywa Special ဒိတ်ဒိတ်ကြဲ၊ မုံရွာခရိုင်ပကဖ၊ 5/UG Task ForceMonywa Commando Force ၊ Unity Force၊ SRDF ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဒဿ ပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article