လက်ပံတောင်းတောင် ဒေသတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
ရန်ကုန်၊ နိုဝင်ဘာ ၂
လက်ပံတောင်းတောင် ဒေသတွင် ပြည်သူများက အကြမ်းဖက် စစ်တပ်၏ ဝင်ငွေ အရင်းအမြစ်ဖြစ်သည့် စစ်တပ်ထုတ်ကုန်ပစ္စည်းအပါဝင် ဝင်ငွေရရှိနေသည့် လုပ်ငန်းအားလုံးကို ပြည်သူများ ဖြတ်တောက်တားစီးပြီး ယခု ဆင်နွှဲလျက်ရှိသော ၁ဝ၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံရင်း ဟန်ချက်ညီညီ လှုပ်ရှားကာ စစ်အာဏာရှင်ကို ထိုးနှက်ကြရန်၊ အဆုံးသတ်တိုက်ပွဲသို့ ပြည်သူများ ပါဝင်ကြပါရန် တိုက်တွန်း၍ ဆန္ဒပြ ချီတက်ခဲ့ကြသည်။

