28 C
Yangon

လိုင်ဇာ KIO ဌာနချုပ်ကို ပစ်ခတ်သော စစ်တပ်၏ လက်နက်ကြီးကျည် တရုတ်နိုင်ငံထဲကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသား တချို့ ထိခိုက်သေဆုံးမှုရှိဟုဆို

Must read

လိုင်ဇာ KIO ဌာနချုပ်ကို ပစ်ခတ်သော စစ်တပ်၏ လက်နက်ကြီးကျည် တရုတ်နိုင်ငံထဲကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသား တချို့ ထိခိုက်သေဆုံးမှုရှိဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၄

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ KIO ဌာနချုပ်ကို ဦးတည်၍ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် တရုတ်နိုင်ငံထဲ ကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသား ၁ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် လိုင်ဇာ KIO ဌာနချုပ်ကို ပစ်မှတ်ထား၍ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် တရုတ်နိုင်ငံဘက်အခြမ်းသို့ ကျရောက်ပေါက်ကွဲပြီး တရုတ်အမျိုးသမီးကြီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု သိရှိရကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

သို့ရာတွင် ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် ယင်းပြောဆိုချက်ကို ထပ်မံ အတည်ပြုရန် KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်း လက်ခံ ဖြေကြားခြင်းမရှိသဖြင့် အသေးစိတ်ကို ထပ်မံ အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။

“စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာကတော့ ၁၅ လုံးလောက်ရှိတယ်။ တရုတ်ပြည်ဘက်အခြမ်းကို ၁ လုံးကျတယ်။ တရုတ်အမျိုးသမီးကြီး ၁ ဦးသေပြီး ၃ ဦးထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အခြားလိုင်ဇာဒေသ သတင်းရင်းမြစ်ကမူ စစ်တပ်က လက်နက်ကြီးများဖြင့် ယခုအချိန်အထိ ပစ်ခတ်နေဆဲဖြစ်ကြောင်း၊ လိုင်ဇာစျေးထဲသို့ လက်နက်ကြီး ၁ လုံးကျရောက်ခဲ့ပြီး တရုတ်ပြည်ဘက်အခြမ်းတွင်မူ နေအိမ်ပေါ်သို့ လက်နက်ကြီး ကျည်ကျရောက်ခဲ့ကြောင်း ပြောဆိုသည်။

“လိုင်ဇာဈေးထဲ လက်နက်ကြီးကျည် တစ်လုံးကျတယ်။ အခုထိပစ်နေဆဲ။ တရုတ်ပြည်ဘက်က နေအိမ်ပေါ်ကျတာက သေဆုံးထိခိုက်မသိရသေးဘူး” ဟု လိုင်ဇာဒေသပြည်သူတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article