25 C
Yangon

နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းနှင့် စစ်ကူယာဥ်တန်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

Must read

နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းနှင့် စစ်ကူယာဥ်တန်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၄

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းနှင့် စစ်ကူလာသည့် ယာဉ်တန်းတို့ကို တိုက်ခိုက် ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က စတင်ကာ စစ်သားနှင့် ရဲ အင်အား ၄၀ ခန့်ဖြင့် တပ်စွဲ ထားသော ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဝက်လူးကျေးရွာအတွင်းကို ဝင်ရောက်နိုင်ခဲ့ပြီး စစ်သားများ ယခင် တပ်စွဲထားရာ မီးသတ်ကုန်းစခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး ရဲစခန်းအနီးကို ချဉ်းကပ်၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်စဥ် စစ်သား ၄ ဦး သေဆုံးကာ အများအပြား ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။

“ဝက်လူးစခန်းက နွားထိုးကြီးမြို့နဲ့ ဆိုင်ရင် ဆိုင်ကယ်တွေ၊ ကားတွေနဲ့သွားရင် မိနစ် ၂၀ လောက်ပဲ မောင်းရ တာဗျ၊ အခုကျနော်တို့လုပ်တာက စခန်းသိမ်းဖို့ ရည်ရွယ်ပြီးလုပ်တာတော့ မဟုတ်ဘူး၊ ပထမ က လက်နက်ကြီးနဲ့ထုဖို့ သက်သက်သွားတာ၊လက်နက်ကြီးနဲ့ ထုတာက မနက် ၉ နာရီခွဲလောက်က တည်းက စထုတာ၊ နေ့လည် ၂ နာရီလောက်ကျမှ လက်နက်ငယ်နဲ့ ထပ်ပြီးတော့ ပစ်ကျတာ၊ ပစ်ပြီး တော့မှ ပြန်ဆုတ်လာတာ၊ ကျနော်တို့ဘက်ကတော့ အထိအခိုက်ဘာညာမရှိဘူး၊ သူတို့ဘက်ကတော့ စခန်းထဲက အော်နေတဲ့အသံတွေလည်း ကြားခဲ့ရတယ်၊ ဝက်လူးရွာဆိုတာက အိမ်ခြေ တစ်ထောင်ကျော် လောက်ရှိတာ၊ ရဲစခန်းထဲမှာက ရဲရော၊ စခတွေရော ပေါင်းထားတာ” ဟု မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုး ကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း နွားထိုးကြီးမြို့ဘက်မှ စစ်ကူလာသည့် ကား ၅ စီးကို ပဲချက်ကျေးရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ မြင်းခြံမြို့ မှ နွားထိုးကြီးဘက်ကို မောင်းနှင်လာသည့် အကြမ်းဖက် စစ်ကား ၂ စီးကိုလည်း လျော်ဖြူကျေးရွာ အနောက်ဖက် အရောက်တွင် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုများအတွင်း စစ်သား ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် နွားကြီးမြို့မှ စစ်ကူလာသည့် အကြမ်းဖက် စစ်ကား ၂ စီးသည် သန်းပင် တောရွာ မြောက်ပိုင်းကို ဝင်ရောက်ပြီး ပြည်သူပိုင်တဲများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ညောင်ပင်သာရွာ ကားဂိတ်ကို ဝင်ရောက် စစ်ဆေးရေး ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးရေးပြုလုပ်နေစဉ် ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းနှင့် နွား ထိုးကြီးမြို့နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article