29 C
Yangon

မင်းလှနှင့် ပင်လောင်း တို့တွင် စစ်တပ်အတွက် အလုပ်လုပ်နေသူ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ စစ်သားများကို ကြိုပို့လုပ်ပေးနေသော ကားကို မီးရှို့ ရှင်းလင်း

Must read

မင်းလှနှင့် ပင်လောင်း တို့တွင် စစ်တပ်အတွက် အလုပ်လုပ်နေသူ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ စစ်သားများကို ကြိုပို့လုပ်ပေးနေသော ကားကို မီးရှို့ ရှင်းလင်း

ရန်ကုန်၊ နိုဝင်ဘာ ၄

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်− မြိုချောင်း ရိုးမဖြတ်ကျော်လမ်း မိုင်တိုင် ၄၇ အနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြိုပို့လုပ်ပေးနေသည့် ပျူစောထီး ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး ကားကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီခန့်က ကျောက်တံခါးမြို့နယ်၊ မြိုချောင်းကျေးရွာ အုပ်ချုပ် ရေးမှူး ထွန်းထွန်းနိုင်၏ လက်ရင်းတပည့်ဖြစ်သူ စံညိုသည် ပဲခူးရိုင်းမအတွင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများအား မီးသွေးတင်ကားဖြင့် ပို့ဆောင်ပြီး ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားပြီး အကြမ်းဖက် စစ်သားများ ကြိုပို့လုပ်ဆောင်ရာတွင် အသုံးပြုသော ကားကိုပါ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

“သူက သူ့ကားနဲ့ စခတွေကို ကြိုပို့လုပ်ပေးတာ၊ သွားလိုက် ပြန်လိုက်လုပ်နေတာ၊ သူ့ကြောင့် ဖမ်းဆီး ခံရသူတွေရှိတယ်၊ ပဲခူးရိုးမအတွင်းက PDF စခန်းတွေကို ရှာဖွေတဲ့နေရာမှာလည်း သူက အားကြိုးမာန် တက်နဲ့ လိုက်လံကူညီပေးနေသူပါ၊ သူ့ကို စခတွေက အရင် လုံခြုံရေးလုပ်ပေးတယ်၊ အခုက မီးသွေး တင်လာပြီး အပြန်မှာ ရှင်းလင်းခဲ့တာပါ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ ရဲဘော်များက ပစ်ခတ်ရှင်း လင်းခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ စံညိုထံမှ မိုလ်ဘိုင်းဖုန်း ၃ လုံး၊ ငွေသား ၅၅၆၀၀၀ ကျပ်တို့အား သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန့်တုတ်ကျေးရွာတွင် စစ်တပ် အတွက် အလုပ်လုပ်ပေးသူ ခင်မောင်ဝင်းကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း ၁၀၀၆ က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂ ရက် နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ နယ်၊ နန့်တုတ်ကျေးရွာ တွင် တိမ်းရှောင်နေသော စစ်တပ် အတွက် အလုပ်လုပ်ပေးသူ ခင်မောင်ဝင်းကို ဖယ်ခုံ PDF တပ်ရင်း ၁၀၀၆ က စစ်ရေးပစ်မှတ်အဖြစ် ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသော ခင်မောင်ဝင်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖယ်ခုံမြို့၊ ဈေးရှေ့ရပ်ကွက်မှ ပင်လောင်းမြို့နယ်၊ နတ့်တုတ် ကျေး ရွာအတွင်းကို တိမ်းရှောင်ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းများကို စစ်တပ်ထံ ပေးပို့နေသူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article