27 C
Yangon

ရှမ်းမြောက်တွင် MNDAA က စစ်ကောင်စီ၏ ၁၂၈ ဗျူဟာကုန်း၊ ရှောက်ကိုင်ရွာလမ်းခွဲ ဂိတ်စခန်းနှင့် ပါစင်ကျော်ကျေးရွာ စစ်စခန်း တို့ကို တိုက်ခိုက် သိမ်းပိုက်

Must read

ရှမ်းမြောက်တွင် MNDAA က စစ်ကောင်စီ၏ ၁၂၈ ဗျူဟာကုန်း၊ ရှောက်ကိုင်ရွာလမ်းခွဲ ဂိတ်စခန်းနှင့် ပါစင်ကျော်ကျေးရွာ စစ်စခန်း တို့ကို တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ၁၂၈ ဗျူဟာကုန်း နှင့် ရှောက်ကိုင်ရွာလမ်းခွဲ ဂိတ်စခန်းနှင့် ပါစင်ကျော်ကျေးရွာ စစ်စခန်း တို့ကို တိုက်ခိုက် သိမ်းပိုက်ရရှိကာ စုစုပေါင်း တပ်စခန်း ၁၄၁ ခုကို သိမ်းပိုက်ရရှိထားကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ယနေ့နိုဝင်ဘာလ ၁၃ ရက် နံနက် ၇ နာရီခွဲခန့်တွင် ရှီးရှမ်းဒေသ ၊ ရှောက်ကိုင်ရွာလမ်းခွဲရှိ စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်တစ်ခုကို ကိုးကန့်(MNDAA)မှ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ခြေလျင်တပ်ဖွဲ့ဖြင့် ထိုးစစ် တိုက်ခိုက်ခဲ့သိမ်းပိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို ရှင်းထုတ်နိုင်ခဲ့ကာ လက်နက်ခဲယမ်း များလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကိုးကန့်(MNDAA)၏ အခြားစစ်ကြောင်းများနှင့် စစ်ကောင်စီ တပ် ဖွဲ့ဝင်များကြား ဆက်လက် တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် ချင်းရွှေဟော်မှ မြောက်ဘက်သို့ ရှေ့တိုးချီတက်လာခဲ့ပြီး ကိုးကန့်ခရိုင်၊ တုန်း ရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ကိုးကန့်(MNDAA)မှ တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက် တုန်းရှမ်းဒေသ၏အုပ်ချုပ်‌ရေးရုံးရှိရာ ရှီးယွင်ကြည်ရွာ(ပါစင်ကျော်)ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ပထမဦးဆုံး အနေဖြင့် စစ်ကောင်စီဗျူဟာကုန်း၏ အနောက်ဘက် တောင်ကုန်း စခန်း ၊ ဟဲ့ဟုတ်တောင်စခန်း နှင့်တွဲဖက်စခန်းများ၊ မင်ရွှဲချမ်းအိမ်၏အနောက်ဘက် တောင်ကုန်းစခန်း များကို ထိုးစစ်တိုက်ခိုက်ခဲ့ရာ ၄ ရက်ကြာမြင့်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၅၀ အချိန်တွင် စစ်ကောင်စီ၏ ၁၂၈ ဗျူဟာကုန်းကို အင်အားအလုံးအရင်းဖြင့် ထပ်မံထိုးစစ်ဆင် တိုက် ခိုက် ခဲ့ရာ ညနေ ၄ နာရီ မိနစ် ၂၀ အချိန်တွင် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး ၄ နာရီ မိနစ် ၅၀ အချိန် တွင်အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ညနေ ၅ နာရီ ၁၇ မိနစ်တွင် ကိုးကန့်ခရိုင်၊ ဟုန်ရှင်း(မော်ထိုက်)ဒေသ ၊ ချုံကန်ရွာရှိ စစ်ကောင်စီစခန်းကို ကိုးကန့်(MNDAA)နှင့် ‌ဒေသလုံခြုံရေးအဖွဲ့တို့မှ အမြစ်ပြတ်တိုက်ခိုက် သိမ်း ပိုက်ခဲ့နိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မုံးကိုးခရိုင် ၊ လိုင်ကျုံနေရာတွင်ရှိသော စစ်ကောင်စီတပ်စခန်းကို ကိုး ကန့်(MNDAA)နှင့် မုံးကိုး၊ ကွတ်ခိုင်ဒေသလုံခြုံရေးအဖွဲ့တို့သည် တိုက်ခိုက်သိမ်းယူလိုက်ကြောင်း၊ ထို့အပြင် လားရှိုးမြို့ရှိ စစ်ကောင်စီ၏ ၅၀၇ တပ်ရင်း၏ တပ်စခန်းကို ကိုးကန့်(MNDAA)မှ လက်နက် ကြီး အမြောက်ဖြင့် ၁၁ ကြိမ်ပစ်ခတ်ခဲ့ပြီး မိုင်တိုင် ၁၂ ၌ အခြေချသော စစ်ကောင်စီ၏ ယာယီစခန်းကို လည်း ၁ ကြိမ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article