32 C
Yangon

ပေါက်တောမြို့ မြိုမရဲစခန်းအပါအဝင် စစ်ကောင်စီ၏ ဌာနဆိုင်ရာအားလုံးကို AA ကသိမ်းပိုက်၊ စစ်တပ်က ရဟက်ယာဉ်ဖြင့် လာရောက် ပစ်ခတ်

Must read

ပေါက်တောမြို့ မြိုမရဲစခန်းအပါအဝင် စစ်ကောင်စီ၏ ဌာနဆိုင်ရာအားလုံးကို AA ကသိမ်းပိုက်၊ စစ်တပ်က ရဟက်ယာဉ်ဖြင့် လာရောက် ပစ်ခတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ် ပေါက်တောမြိုနယ် မြိုမရဲစခန်းပါအဝင် ဌာနဆိုင်ရာအားလုံးကို ရက္ခိုင့်တပ်တော် AA က ယနေ့ နိုဝင်ဘာ ၁၆ရက်နေ့ နံနက် ၇ နာရီကျော်အချိန်က စ၍ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ပေါက်တောမြိုမရဲစခန်းကို ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညက သိမ်းပိုက်ခဲ့ပြီး ယနေ့နံနက်တွင် ဌာနဆိုင်ရာအားလုံးကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

ပေါက်တောမြိုခံ သတင်းရင်းမြစ်တစ်ဦးက “မြိုမရဲစခန်းအပါအဝင် ဌာနဆိုင်ရာအားလုံးကို AA က ထိန်းချုပ်လိုက်ပါပြီ။ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲဝင်တွေကို AA က ခေါ်ယူသွားပါပြီ။ ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုတော့ အခု ရုံးမှာပဲ ထားထားပါတယ်။ AA က ဘာတွေလုပ်မလဲတော့ ကျနော်တိုလည်း မသိဘူး” ဟု ပြောသည်။

ပေါက်တောမြိုမရဲစခန်းကို ယမန်နေ့ညက AA မှ သေနတ်သံ ၁၀ ချက်ကျော် ပစ်ပေါက်ပြီးနောက်ပြီး အလင်းဝင်ရန် မေးမြန်းပြီး မြိုမရဲတပ်ဖွဲတစ်ခုလုံး လက်နက်ချ အလင်းဝင်ခဲ့ကြခြင်းဖြစ်သည်။

ပေါက်တောမြိုကို AA က ထိန်းချုပ်လိုက်ပြီဖြစ်သောကြောင့် ယနေ့နံနက် ၁၀ နာရီကျော်အချိန်က စစ်ကောင်စီမှ ရဟက်ယာဉ်နှစ်စီးဖြင့် လာရောက်ကာ မြိုပေါ်သို ဗုံးနှစ်လုံးကြဲခဲ့သည့်အပြင် စက်သေနတ်ဖြင့် ၁၀ ချက်ကျော် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “မိနစ်ပိုင်းလောက်ပစ်ခဲ့တယ်။ ၅ မိနစ်လောက် ပျံဝဲပြီး ပြန် သွား ကြတယ်။ လောလောဆယ်အခြေနေတော့ ငြိမ်နေပါတယ်။ ရုတ်တရက်ကြီး ဒီအတိုင်းလာပစ်တာပါ။ မနေ့က မြိုမရဲစခန်း အသိမ်းခံရတာကြောင့်ထင်တာပဲ” ဟု ပြောသည်။

စစ်ကောင်စီမှ ပစ်ခတ်ခဲ့သော လက်နက်ကျည်များကြောင့် မြိုခံများထိခိုက်မှုရှိမရှိကိုမူ မသိရှိရသေးဟု ပေါက်တောလူမှုကူညီအသင်းမှ တာန်ရှိသူတစ်ဦးက ဆိုသည်။

ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်တွင် ပေါက်တောမြိုမရဲစခန်းအပြင် တိမ်ညိုနယ်မြေရဲစခန်းနှင့် ကျောက်နီမော် နယ်မြေရဲစခန်းတိုကို AA မှ သိမ်းပိုက်မှုရှိခဲ့ပြီး အဆိုပါ ရဲစခန်းမှ ရဲတပ်ဖွဲဝင်မျာမှာ သက်ဆိုင်နယ်မြေအလိုက် စစ်ကောင်စီတပ်ဖွဲဝင်များနှင့် ပူးပေါင်းသွားမှုရှိသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှစ၍ စစ်ကောင်စီ၏ တပ်စခန်း ၄၀ ကျော်ကို စွန့်လွှတ်ထားရပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article