26 C
Yangon

ဝေါ်လေဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား ယမန်နေ့ တိုက်ပွဲတွင် စစ်သား အများအပြားသေဆုံး၊ အလောင်းများ လမ်းပေါ်ပြန့်ကျဲ (ရုပ်/သံ)

Must read

ရန်ကုန်၊ မတ် ၂၈

ကရင်ပြည်နယ်၊ ဝေါ်လေမြို့နယ်ခွဲဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၄၀၀ ခန့်နှင့် KNLA၊ DKBA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား ယမန်နေ့ မတ်လ ၂၇ ရက်နေ့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

“မိုင်းဆွဲတာရယ်၊ ကျနော်တို့ ဝိုင်းပစ်တာရယ်ဆို ဒီကောင်တွေသေတာ အနည်းဆုံး ၃၀ အထက်ပဲ။ ရဟတ်ယာဉ် ၂ စီးနဲ့ လာပစ်တာလည်း သူ့လူတွေ သူပြန်ထိတယ်” ဟု KNLA ပူးပေါင်းတပ်ဖွဲ့ ရှေ့တန်းတပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ဆိုသည်။

ယင်းနောက် KNLA ပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းစဉ် လမ်းမပေါ်တွင် ကျန်နေသော စစ်သားအလောင်းများနှင့် ကား ၁ စီးတိုက်စာ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။

မတ်လ ၂၇ ရက်နေ့တိုက်ပွဲတွင် စစ်သားမည်မျှ သေဆုံးခဲ့သည်ကို ကရင်အမျိုးသားအစည်းအရုံးက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article