29 C
Yangon

ပခုက္ကူမြို့ ၊ အခွန်ဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းရုံးကို ဝင်ရောက်စီးနင်းပြီး ဌာနဆိုင်ရာပစ္စည်းများ ရှင်းလင်း၊ ဝန်ထမ်းများကို ပြည်သူနှင့်အတူ ရပ်တည်ရန် အသိပေး

Must read

ရန်ကုန်၊ မတ် ၂၈

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ အခွန်ဦးစီးဌာနရုံးနှင့် မြန်မာ့အာမခံလုပ်ငန်းရုံးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဝင်ရောက်စီးနင်းပြီး ဌာနဆိုင်ရာ ပစ္စည်းများကို ရှင်း လင်းပြီး ဝန်ထမ်းများကို ပြည်သူနှင့်အတူ ရပ်တည်ရန် အသိပေး ပြောဆိုခဲ့ကြောင်း PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

RSO (PKU)၊ Earthquake people’s defense force (UG)၊ Young Force (UG)၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန် ပခုက္ကူမြို့ရှိ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် အခွန်ဦးစီးဌာနအားကို ဝင်ရောက်စီးနင်းပြီး ဌာနဆိုင်ရာ ပစ္စည်းများအားရှင်းလင်း ခြင်းနှင့် သိမ်းယူခြင်းများ ပြုလုပ်ကာ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူနဲ့အတူရပ်တည်ရန်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ထိုသို့ပြုလုပ်နေစဥ် ရုံးဝန်ထမ်းများမှ စစ်တပ်ထံသို့ ဖုန်း ခေါ်ဆိုတိုင်ကြားရန်ပြုလုပ်သဖြင့် ဖုန်းများ သိမ်းဆည်းခဲ့ရကြောင်း၊ ထို့ပြင် ရုံးဝန်ထမ်းတစ်ဦးက လက်နက်လုယူရန် ကြိုးစားသည့်အတွက် ထိန်းသိမ်းခဲ့ရကြောင်း PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article