33 C
Yangon

လိပ်သိုအခြေစိုက် ခမရ ၆၀၃ တပ်ရင်းကို သံတောင်မြောက်ပိုင်းအဖွဲ့ စနိုက်ပါဖြင့် ပစ်ခတ်၊ စစ်သား ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၆၀၃) ခြေမြန်တပ်ရင်းကို သံတောင်မြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ မတ်လ ၂၇ ရက် နံနက်တွင် စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

မတ်လ ၂၇ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် လိပ်သို ခမရ ၆၀၃ တပ်ရင်းစခန်းကို ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း၊ စစ်သား ၂ ဦး ထိမှန်ခဲ့ပြီး ၁ ဦး သေဆုံးသွားကြောင်း၊ တပ်ရင်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ကြောင်း သံတောင်မြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ NTDF အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ နယ်မြေအတွင်း တည်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article