24 C
Yangon

စစ်ကောင်စီ လူသားဒိုင်းကာ ဖမ်းဆီးထားသည့် ပေါက်တောပြည်သူ ၁၃ ဦးထက်မနည်း AA က ထပ်မံ ကယ်ထုတ်

Must read

စစ်ကောင်စီ လူသားဒိုင်းကာ ဖမ်းဆီးထားသည့် ပေါက်တောပြည်သူ ၁၃ ဦးထက်မနည်း AA က ထပ်မံ ကယ်ထုတ်

ရန်ကုန်| ဒီဇင်ဘာ ၂

ရခိုင်ပြည် ပေါက်တောမြို့မှာ အာဏာသိမ်းစစ်ကောင်စီက လူသားဒိုင်းကာနှင့် ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် အရပ်သားပြည်သူများကို ရက္ခိုင့်တပ်တော် AA က ဆက်လက်ကယ်ထုတ်နေပြီး ယနေ့ ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် ၁၃ ဦးထက်နည်းကို ကယ်ထုတ်လာကြောင်း တွေ့ရသည်။

ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်တွင် AA မှ ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် အရပ်သားများကို ကယ်ထုတ်နေခြင်းနှင့် ပေါက်တောမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် လူနေအိမ်အများအပြား မီးလောင်နေသည်ကို တွေ့ရသည်။

ကယ်ထုတ်လာသည့် အရပ်သားများမှာ ၁၃ ဦးထက်နည်းပါဝင်ပြီး ၇ ဦးက အသက် ၂ နှစ်ကနေ ၁၁ နှစ်ဝန်းကျင် ကလေးငယ်များဖြစ်ကြောင်း သိရသည်။

ကျန် ၆ ဦးထဲတွင် အမျိုးသမီးများနှင့် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ပါဝင်ကြောင်း တွေ့ရသည်။

စစ်ကောင်စီ ဖမ်းဆီးထားသော ပေါက်တောပြည်သူများထဲက AA က ကယ်ထုတ်ထားသည့် အရေအတွက်မှာ စုစုပေါင်း ၃၀၀ ကျော်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

၁၂၀ ဦးတစ်ကြိမ်၊ ၁၀၄ ဦးတစ်ကြိမ်၊ ၅၉ ဦးတစ်ကြိမ်၊ ၁၀ ဦးထက်မနည်းတစ်ကြိမ်၊ ယခု ၁၃ ဦးထက်နည်း တစ်ကြိမ် စုစုပေါင်း ၃၀၆ ဦးထက်မနည်း ကယ်ထုတ်ထားပြီး ဆက်လက်၍ ကျန်ရှိနေသေးသည့် အရပ်သားများကိုလည်း ကယ်ထုတ်သွားမည်ဟု AA က ဆိုသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ ယနေ့အထိ ပေါက်တောမြို့ကို စစ်ကောင်စီသည် နေဗီများ၊ လေယာဉ်များနှင့် စစ်တွေ အမှတ် ၁၂ ရဲတပ်ရင်းမှ လက်နက်ကြီးများ နေ့စဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်။

စစ်ကောင်စီ၏ လက်နက်ကြီးများကြောင့် ပေါက်တောမြို့ လူနေရပ်ကွက်များ မီးလောင်၍ နေအိမ်များ ပျက်စီးဆုံးရှုံးနေသလို မြို့မဈေးလည်း မီးလောင်ပြာကျသွားပြီဟု မျက်မြင်ဒေသခံများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article