23 C
Yangon

ကလေးမြို့ရှိ အင်ဒိုင်းကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ မုံရွာမြို့နယ်ရှိ ကြာပိုင်ကျေးရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော် ပျက်စီး

Must read

ကလေးမြို့ရှိ အင်ဒိုင်းကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ မုံရွာမြို့နယ်ရှိ ကြာပိုင်ကျေးရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော် ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်း ကလေးတောင်ပိုင်းရှိ အင်ဒိုင်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က အင်ဒိုင်းကုန်းကျေးရွာအတွင်း တပ်စွဲနေထိုင်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားခြင်းလည်း မရှိကြောင်း၊ အကြမ်းဖက်စစ်တပ်၏ ယနေ့ မီးရှို့ဖျက်ဆီးမှုကြောင့် ခန့်မှန်းခြေ ၄ အိမ်ခန့် ပျက်စီးနိုင်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ မထွက်ဘူးလေ ကြာပြီ။ အဲဒီမှာ နေကြတော့တာ အိမ်တွေမှာ။ တစ်ခါတစ်ခါ အရူးထပြီး သူတို့ရှို့နေကြတာ။ စက္ကန့်ရွာကတော့ ကုန်သလောက်ရှိနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အကြမ်းဖက် စစ်တပ်က မြို့လှရွာ၊ အင်ဒိုင်းကုန်းရွာ၊ စက္ကန့်ရွာ၊သာစည်ရွာနှင့် ဇင်းကလင်းရွာများထဲတွင် ဝင်ရောက်နေထိုင်၍ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ လနှင့်ချီ၍ ရှိပြီဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အလားတူ မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာကိုလည်း ယနေ့ နံနက် ၉ နာရီအချိန်မှ စ၍ အကြမ်းဖက်စစ်တပ်နှင့် တောပုကျေးရွာမှ ပျူစောထီးများက ဝင်ရောက် မီးရှို့ဖျက်ဆီးနေကြောင်း မုံရွာ- အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကြာပိုင်ကျေးရွာတွင် နေအိမ် ၁၀ လုံးထက် မနည်း လောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article