25 C
Yangon

ဘုတလင်မြို့ပေါ်ရှိ ထွေအုပ်ရုံးအပါအဝင် စစ်တပ်စွဲထားရာ နေရာ များကို ဒရုန်းလေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ဘုတလင်မြို့ပေါ်ရှိ ထွေအုပ်ရုံးအပါအဝင် စစ်တပ်စွဲထားရာ နေရာ များကို ဒရုန်းလေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအပါအဝင် နေရာ ၄ ခုကို ဒရုန်းလေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Chindwin Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီမိနစ် ၃၀ ခန့်အချိန် ကြောင်ပန်းလမ်းခွဲရှိ စစ်တပ်ဂိတ်ကို တစ်ကြိမ်၊ မွန်းလွဲ ၃ နာရီခန့်အချိန် ဗန္ဓုလကြေးရုပ်အနီးရှိ စစ်တပ်နေရာကို တစ်ကြိမ်၊ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင် CB ဘဏ်ရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တစ်ကြိမ်၊ ညနေ ၄ နာရီခန့်အချိန် အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ အထွေ ထွေအုပ် ချုပ်ရေးမှူးရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တစ်ကြိမ် မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“CB ဘဏ်ရှေ့မှာ ဗုံးကျဲခဲ့တာက စစ်ခွေး ၂ ကောင်သေပြီး ၄ ကောင်ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါ တယ်၊ ကျန်တဲ့နေရာတွေက ထိခိုက်သေဆုံးပျက်စီးမှုကတော့ စုံစမ်းနေတုန်းပါ၊ စစ်ခွေးတွေဘက်က ၆၀ မမတွေနဲ့ ပြန်ပစ်တာရှိပါတယ်၊ လယ်ကွင်းထဲမှာကျတယ်၊ သူတို့က ဒရုန်းလာရင်ကို ရမ်းသမ်းပစ်တော့ တာပဲ၊ ဗုံးသီးလည်း ကျသွားရော ပြန်မပစ်တော့ဘူး၊ ကျနော်တို့ရဲဘော်တွေအားလုံး အထိအခိုက်မရှိပါ ဘူး” ဟု Chindwin Brothers တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Brothers (DGF-တပ်ခွဲ)၊ မြို့နယ်အုပ်ကြီးများ (ဘ.တ.လ)၊ B21(ကနီ) ၊ ကိုဘရာ (တစ်ကိုယ်တော်) ၊ တပင်ရွှေထီး၊ နင်ဂျာတပ်ဖွဲနှင့် ဒေသရပ်ရွာကာကွယ်ရေး အဖွဲ့များ ပူးပေါင်း ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားလုံး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article