စစ်ကိုင်းတိုင်း ၊ ဝက်လက်ဒေသတွင် စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်း ၊ ဝက်လက်ဒေသရှိ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားရဲဘော်များနှင့် ဒေသပြည်သူလူထု တို့က ယနေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတစ်ရပ်ပြုလုပ်ကြသည်။
ဆန္ဒပြပွဲတွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားရဲဘော်များက စစ် ၃ စစ် အမြစ်ဖြတ်ရေးတရားများနှင့် တော်လှန်ရေးတရားများ လူထူထံတင်ပြဟော ပြော ခဲ့ကြကြောင်း သိရှိရသည်