မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ ရဟတ်ယာဥ်ထားရှိရာ နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ရဟတ်ယာဥ်များ ထိခိုက်ပျက်စီးမှုရှိ
■ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ပိုမို ပြင်းထန်သော စစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ ရဟတ်ယာဥ်ထားရှိရာ နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ရဟတ်ယာဥ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း KNDO တပ်ရင်း ဒရုန်းတပ်ဖွဲ့ တာ၀န်ခံမှ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ ရဟတ်ယာဥ်ထားရှိရာ နေရာကို KNDO တပ်ရင်း ၆ ဒရုန်းတပ်ဖွဲ့နှင့် ALpha Bats တပ်ဖွဲ့တို့ ပူပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဥ်များ ထိခိုက်ပျက်စီးမှု ရှိကြောင်း သိရသည်။
” ဒီနေ့ ၁ နာရီ ၅၅ မိနစ်ခန့်မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာရှိတဲ့ ရဟတ်ယာဥ်ရပ်ထားတဲ့ နေရာကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်။ ရဟတ်ယာဥ်တွေ ထိခိုက် ပျက်စီးမှုရှိတယ်လို့ မြေပြင်သတင်းအရသိရပါတယ်” ဟု KNDO တပ်ရင်း ဒရုန်းတပ်ဖွဲ့ တာ၀န်ခံမှ ပြောဆိုသည်။
အဆိုပါ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ပိုမို ပြင်းထန်သော စစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများ အနေဖြင့်လည်း KNDO ဒရုန်းတပ်ရင်းကို ကူညီ ထောက်ပံ့မှုများ လုပ်ဆောင်ပေးရန် မေတ္တာရပ်ခံကြောင်း KNDO တပ်ရင်း ဒရုန်းတပ်ဖွဲ့ တာ၀န်ခံမှ ဆက်လက် ပြောဆိုသည်။