တမူးမြို့နယ်၊ ထန်းတပင်ရွာကို စစ်တပ်က မီးထပ်မံ ရှို့ပြီး ပြည်သူ ၄ ဦးကို ပစ်သတ်
ရန်ကုန်၊ ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ထန်းတပင် ကျေးရွာကို မနေ့ ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့ဝင်တွေက ထပ်မံမီးရှိူ့ပြီး ဒေသခံအရပ်သား လေးဦးကိုပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
တမူးမြို့တောင်ဘက် ကလေး – တမူး လမ်းမကြီးဘေးက ထန်းတပင်ကျေးရွာကို စစ်ကောင်စီအဖွဲ့ဝင်တွေနှင့် ပျူစောထီးတွေက ဒီဇင်ဘာ ၃ ရက်နေ့မှာ မီးရှိူ့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာလည်း ကျေးရွာကို ဆက်လက်မီးရှိူ့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
” ဒီဇင်ဘာ ၃ ရက်နေ့က လောင်တာတော့ အိမ်ခြေငါးဆယ်ဝန်းကျင်ရှိတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ ထပ်ရှိူ့တာက ဘယ်လောက်လောင်မယ်မသိသေးဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
မီးလောင်တဲ့ ရွာအခြေအနေကို ပြန်လာကြည့်တဲ့ ထန်းတပင် ဒေသခံ အရပ်သားလေးဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဒီကနေ့ မနက်ပိုင်းမှာ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ ရွာထဲမှာ စစ်သားနဲ့ပျူစောထီးတွေရှိနေသေးတာကြောင့် အလောင်းတွေကို မယူနိုင်သေးဘူးလို့လည်း သိရပါတယ်။
ထန်းတပင် ကျေးရွာမှာ အိမ်ခြေငါးရာဝန်းကျင်ရှိပြီး ရွာခံအများစုဟာ ဒေသတွင်းတိုက်ပွဲတွေနှင့် တမူးစစ်ကောင်စီတပ်က ထုတဲ့လက်နက်ကြီးတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာဖြစ်ပြီး ရွာထဲမှာနေထိုင်သူတွေလည်းရှိတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့ စစ်ကောင်စီနဲ့ပျူစောထီးတွေ ရွာကိုမီးရှိူ့ဖျက်ဆီးတာကြောင့် ရွာမှာနေထိုင်နေတဲ့ ဒေသခံတွေအားလုံး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
တမူးမြို့နယ်၊ ထန်းတပင်ရွာကို စစ်တပ်က မီးထပ်မံ ရှို့ပြီး ပြည်သူ ၄ ဦးကို ပစ်သတ်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ အဆိုပါ ထန်းတပင်ရွာတိုက်ပွဲမှာ ပျူစောထီးနှစ်ဦးသေဆုံးပြီး ပျူခေါင်းဆောင် ကြံ့ဖွံ့တမူးကိုယ်စားလှယ်ဟောင်း ဦးမြင့်အောင်အပါအဝင် ပျူလေးဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
အထက်ပါ ပျူစောထီးတွေသေဆုံးမှု၊ ဖမ်းဆီးခံရမှုတွေကြောင့် လက်စားခြေတဲ့အနေနဲ့ ပြည်သူ့နေအိမ်တွေကို မီးရှိူ့ဖျက်ဆီးတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာ တမူးခရိုင် ခမ်းပတ်မြို့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီဟာ ချင်းပြည်နယ် စခန်းသိမ်းတိုက်ပွဲက နေထွက်ပြေးလာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို တမူး၊ကလေးဘက်မှာ အင်အား ဖြည့်ထားတယ်လို့သိရပါတယ်။
ချင်းပြည်နယ်က ရိခေါ်ဒါနှင့်လိုင်းလင်းပီမြို့သိမ်းတိုက်ပွဲတွေကနေ ထွက်ပြေးသွားတဲ့စစ်ကောင်စီအဖွဲ့ဝင်တွေဟာ အိန္ဒိယ နိုင်ငံထဲကိုထွက်ပြေးခဲ့ကြတာဖြစ်ပြီး အိန္ဒိယရိုင်ဖယ်တပ်က မိုးရေးမြို့ကနေ တမူးဘက်ကိုကူညီပို့ဆောင်ပေးနေတာဖြစ်ပါတယ်။