32 C
Yangon

ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်သဖြင့် အရန်ဆီများ ထုတ်ပေးနေရပြီး လုံလုံလောက်လောက် ထုတ်မပေးနိုင်၍ ဆီဆိုင်များ ယာယီ ပိတ်ထားရ

Must read

ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်သဖြင့် အရန်ဆီများ ထုတ်ပေးနေရပြီး လုံလုံလောက်လောက် ထုတ်မပေးနိုင်၍ ဆီဆိုင်များ ယာယီ ပိတ်ထားရ

■ ဒေါ်လာ ပြတ်လပ်နေ၍ စစ်ကောင်စီက ဗဟိုဘဏ်သတ်မှတ်စျေး ၂၁၀၀ ကျပ်ဖြင့် ဆီသမားများထံသို့ ဒေါ်လာ ရောင်းမပေးနိုင်တော့

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သီလဝါ Terminal များတွင် စက်သုံးဆီ ပြတ်လပ်သဖြင့် အရန်ဆီများ ထုတ်ပေးနေရပြီး လုံလုံလောက်လောက် ထုတ်မပေးနိုင်၍ ဆီဆိုင်များ ယာယီ ဆိုင်ပိတ်ထားရကြောင်း စက်သုံးဆီ လုပ်ငန်းရှင်များက ပြောဆိုကြသည်။

“သီလဝါ Terminal တွေမှာ ဆီထုတ်ရတာ အရမ်းခက်နေတယ်။ ဆီခွဲတမ်းလည်း လုံလုံလောက်လောက်မရပြန်ဘူး။ ဆီတွေသွင်းပါတယ် ရှိပါတယ်ဆိုပြီး အခုလို ထုတ်မရ ပြုမရ ဖြစ်နေတယ်။ အခုလောလောဆယ် ကျနော်တို့ သိထားတာတော့ Myanma Petrochemical Enterprise (MPE) က အရန်စက်သုံးဆီတွေ ပြန်ထုတ်ပေးနေရတယ်။ ဒေါ်လာပဲ ပြတ်တာလား၊ မဝယ်နိုင်တော့လား မသိဘူး။ ဒါပေမယ့် စက်သုံးဆီသမားတွေကို ၄၀ ရာခိုင်နှုန်း ဗဟိုဘဏ်စျေး တစ်ဒေါ်လာ ၂၁၀၀ နဲ့ ရောင်းမပေးတော့ဘူး။ အဲဒါကြာင့် ဒီဇင်ဘာ ၁ ရက်နေ့မှာ စက်သုံးဆီ တစ်လီတာ ၂၅၀၀ကျော် အထိ စျေးတက်လာတာ။ အခု သီလဝါမှာ ဆီထုတ်မယ့် ကားတွေ တိုးဝှေ့နေတာ မနည်းဘူး။ အခုအကုန် ဒုက္ခရောက်နေကြတယ်” ဟု စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်၏ စစ်တပ်သတင်းရင်းမြစ်များ၏ အဆိုအရ စစ်ကောင်စီ၏ ဗဟိုဘဏ်က ဗဟိုဘဏ်စျေး တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် စက်သုံးဆီ သမားများထံသို့ ဒေါ်လာ ရောင်းချပေးမှု များကို အပြီးသတ်ရပ်ဆိုင်းရသည့် အခြေ အနေရှိနေကြောင်း၊ စစ်ကောင်စီထံတွင် ဒေါ်လာ ပြတ်လပ်မှု အကြီး အကျယ်ဖြစ်ပေါ်နေကြောင်း၊ စက်သုံးဆီသမားများကိုလည်း ပြင်ပမှ ဒေါ်လာဝယ်ယူ၍ စက်သုံးဆီ တင်သွင်းရန် ညွှန်ကြားမှုများရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီတင်သွင်းရန် လိုအပ်သည့် အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်သတ်မှတ်စျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ရောင်းမပေးတော့၍ ဒီဇင်ဘာလ ၁ ရက်နေ့ ဓာတ်ဆီစျေး တစ်လီတာ ၃၄၀ ကျော် ခုန်တက်သွားခဲ့ကြောင်း ၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် 92 တစ်လီတာ ၂၁၇၀ ကျပ်မှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် 92 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၂၅၁၀ ကျပ်သို့လည်းကောင်း၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် 95 တစ်လီတာ ၂၃၀၀ ကျပ် ရှိရာမှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် 95 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၂၆၄၀ ကျပ် သို့လည်းကောင်း ထိုးတက်သွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ရန်ကုန်တွင် ဆီဆိုင်များ ခေတ္တ ပိတ်ထားရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article