မုန်းမြို့ တိုက်ပွဲအတွင်း ခလရ−၈၄ တပ်ရင်းမှ ဒုရင်းမှူး ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၁၉ ဦး လက်နက်ချ အညံ့ခံ၊ တပ် မိသားစုဝင် ၄၂ ဦးကိုလည်း ကောင်းမွန်စွာ စောင့်ရှောက်ထား
■ စစ်တပ် စခန်းများမှ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၆
ပဲခူးတိုင်း၊ မုန်းမြို့ တိုက်ပွဲအတွင်း ခလရ−၈၄ တပ်ရင်းမှ ဒုရင်းမှူး ၁ ဦးအပါအဝင် စစ်ကောင်စီ တပ်သား ၁၉ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး တပ် မိသားစုဝင် ၄၂ ဦးကိုလည်း ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ မုန်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းများ အားလုံးကို အပြီး သိမ်းပိုက် တိုက်ခိုက်ချိန်အတွင်း လက်နက်ကြီး၊ လက်နက်ငယ် အများအပြား သိမ်းဆည်းရရှိကာ ခမရ−၅၉၀ အတွင်း ဝင်ရောက် တပ်စွဲထားသော ခလရ−၈၄ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၉ ဦးခန့် လက်နက်ချ အညံ့ခံခဲ့ပြီး ဝင်းအတွင်းရှိ တပ်မိသားစုဝင် ၄၂ ဦးကိုလည်း စစ်သုံ့ပန်း ဥပဒေများနှင့် အညီ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။
လက်နက်ချအညံ့ခံခဲ့သည် ခလရ−၈၄ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၉ ဦးမှာ
(၁) ဗိုလ်မှူး ကျော်လတ်ခိုင် (၃၉) နှစ် ဒုရင်းမှူး
(၂) ဗိုလ်ကြီး အာကာစိုး (၃၃) နှစ် တပ်ခွဲမှူး
(၃) ဗိုလ်ကြီး နိုင်နိုင်ထွန်း (၃၄) နှစ် အင်ဂျင်နီယာ တပ်စုမှူး
(၄) ဒုအရာခံဗိုလ် လှသိန်း (၅၈) နှစ် အထွေထွေ
(၅) ဒုအရာခံဗိုလ် သန်းအောင် (၅၁) နှစ် အထွေထွေ
(၆) တပ်ကြပ် စန်းဦး (၃၂) နှစ် တပ်စိပ်မှူး
(၇) တပ်ကြပ် ထူးကိုကို (၃၃) နှစ် အထွေထွေ
(၈) တပ်ကြပ် ဟန်ထွန်း (၄၈) နှစ် ယာဉ်မောင်း
(၉) ဒုတပ်ကြပ် မောင်ဇော် (၄၀) နှစ် အထွေထွေ
(၁၀) တပ်သား သူရလင်း (၃၃) နှစ် ရဲဘော်
(၁၁) တပ်ကြပ် တောလူ (၅၄) နှစ် တပ်စိတ်မှူး
(၁၂) တပ်သား ဝေယံစိုး (၃၂) နှစ် ရဲဘော်
(၁၃) ဒုတပ်ကြပ် တင်ထွန်းဇော် (၄၅) နှစ် ဒုတပ်စိပ်မှူး
(၁၄) ဒုအရာခံဗိုလ် ဝင်းမင်းထွန်း (၄၂) နှစ် အထွေထွေ
(၁၅) တပ်ကြပ်ကြီး သက်နိုင် (၅၆) နှစ် စက်မောင်း
(၁၆) တပ်ကြပ် သက်ဦး (၄၃) နှစ် အထွေထွေ
(၁၇) ဒုတပ်ကြပ် ဌေးလွင် (၅၀) နှစ် မွေးမြူရေး
(၁၈) တပ်သား စိုင်းအွန်ခမ်း (၂၉) နှစ် ရဲဘော်
(၁၉) တပ်သား ရဲမင်းနိုင် (၃၂) နှစ် ရဲဘော် တို့ဖြစ်ကြောင်း သိရှိရသည်။


